Friday, February 5, 2016

အထူးတာဝန် ရဲတပ်ဖွဲ့ကို သတင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဖွဲ့စည်း
============================
၅..၂..၁၆

-
နိုင်ငံတော်အဆင့် ပုဂ္ဂိုလ် များအား လုံခြုံရေးတာဝန်ယူရသည့် အထူးတာဝန်ရဲတပ်ဖွဲ့ကို သတင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဖွဲ့စည်းလိုက်
ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
-
အထူးတာဝန်ရဲတပ်ဖွဲ့သည် သမ္မတနှင့် ဒုသမ္မတများ၊ လွှတ် တော်ဥက္ကဋ္ဌများနှင့် အခြားအရေး ကြီး ပုဂ္ဂိုလ်များ၏ လုံခြုံရေးတာ ၀န်ယူရသည့် ရဲတပ်ဖွဲ့ဖြစ်ပြီး ဖွဲ့ စည်းပုံတွင် မပါဝင်သေးသော ကြောင့် သတင်းတပ်ဖွဲ့နှင့် ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမောင်စိုးကပြောသည်။
-
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်လက်အောက်တွင် လေ ကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲ တပ်ဖွဲ့၊ ရေနံမြေလုံခြုံရေးရဲတပ် ဖွဲ့၊ သစ်တောရဲတပ်ဖွဲ့၊ စည်ပင် သာယာရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသည်လုံခြုံရေး ရဲ တပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့ (SB)၊ မှုခင်းရဲတပ်ဖွဲ့ (CID)၊ မူးယစ်နှိမ် နင်းရေးရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ငွေကြေးခ၀ါ ချမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ လုံခြုံ ရေးရဲတပ်ဖွဲ့ (ရဲတပ်ရင်းများ)၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ အကြမ်း ဖက်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ (SWA T)၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနတို့ ရှိနေသည်။
-
သတင်းရဲတပ်ဖွဲ့ကို နိုင်ငံ တော်သမ္မတရုံး၏ တိုက်ရိုက်အုပ် ချုပ်မှုအောက်သို့ ရွှေ့ပြောင်းထား ကြောင်း သတင်းများထွက်ပေါ်နေ သော်လည်း မဟုတ်မှန်ဘဲ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အောက်တွင် သာရှိကြောင်း သတင်းရရှိသည်။
========
အောင်သစ်လွင်

No comments:

Post a Comment