Friday, February 5, 2016

၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီလ ၈ ရက် ( တနင်္လာနေ့ ) နိုင်ငံတော်သမ္မတ နဲ့
ဒုတိယသမ္မတလောင်း ကြေညာတော့မည်

အထူးတာဝန် ရဲတပ်ဖွဲ့ကို သတင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဖွဲ့စည်း
============================
၅..၂..၁၆

-
နိုင်ငံတော်အဆင့် ပုဂ္ဂိုလ် များအား လုံခြုံရေးတာဝန်ယူရသည့် အထူးတာဝန်ရဲတပ်ဖွဲ့ကို သတင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဖွဲ့စည်းလိုက်
ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
-
အထူးတာဝန်ရဲတပ်ဖွဲ့သည် သမ္မတနှင့် ဒုသမ္မတများ၊ လွှတ် တော်ဥက္ကဋ္ဌများနှင့် အခြားအရေး ကြီး ပုဂ္ဂိုလ်များ၏ လုံခြုံရေးတာ ၀န်ယူရသည့် ရဲတပ်ဖွဲ့ဖြစ်ပြီး ဖွဲ့ စည်းပုံတွင် မပါဝင်သေးသော ကြောင့် သတင်းတပ်ဖွဲ့နှင့် ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမောင်စိုးကပြောသည်။
-
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်လက်အောက်တွင် လေ ကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲ တပ်ဖွဲ့၊ ရေနံမြေလုံခြုံရေးရဲတပ် ဖွဲ့၊ သစ်တောရဲတပ်ဖွဲ့၊ စည်ပင် သာယာရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသည်လုံခြုံရေး ရဲ တပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့ (SB)၊ မှုခင်းရဲတပ်ဖွဲ့ (CID)၊ မူးယစ်နှိမ် နင်းရေးရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ငွေကြေးခ၀ါ ချမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ လုံခြုံ ရေးရဲတပ်ဖွဲ့ (ရဲတပ်ရင်းများ)၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ အကြမ်း ဖက်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ (SWA T)၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနတို့ ရှိနေသည်။
-
သတင်းရဲတပ်ဖွဲ့ကို နိုင်ငံ တော်သမ္မတရုံး၏ တိုက်ရိုက်အုပ် ချုပ်မှုအောက်သို့ ရွှေ့ပြောင်းထား ကြောင်း သတင်းများထွက်ပေါ်နေ သော်လည်း မဟုတ်မှန်ဘဲ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အောက်တွင် သာရှိကြောင်း သတင်းရရှိသည်။
========
အောင်သစ်လွင်

❧❧ ပြည်သူ့လွှတ်တော်၏ကော်မရှင်တာဝန်ထမ်းဆောင်ခြင်း ❧❧
----------------------------------------------------------------
❖ သူရဦးရွှေမန်းအား ပြည်သူ့လွှတ်တော်၏ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ပါရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်မှ ကမ်းလှမ်းလာခဲ့ရာ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ကျရာနေရာမှ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မူလရည်ရွယ်ချက်ထားရှိသည့်အတိုင်း ကော်မရှင်ဥက္ကဋ္ဌတာဝန်အား လစာငွေရယူခြင်းမပြုဘဲ လက်ခံဆောင်ရွက်ပါမည်ဖြစ်ကြောင်း ပြန်ကြားခဲ့သည်။
❖ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တာဝန်ပေးမှုအား လက်ခံရယူပြီးနောက် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နေ့လယ် ၁ နာရီအချိန်တွင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား လွှတ်တော်ဝန်းအတွင်းရှိ I-1 အဆောက်အဦတွင် ကျင်းပပြုလုပ်ခဲ့ရာ သူရဦးရွှေမန်း တက်ရောက်ခဲ့သည်။
--
ဦးမင်းလူ နှုတ်ထွက်သွားခြင်း - မင်းလူ
*******************************
ယောကျာ်းပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာဆိုရင် …. ။

ရိုးသားတယ်ဆိုတာ
သူများ မကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်းကို
မကွယ်မဝှက် ဖွင့်ပြောတတ်တာဆိုရင် … ။
ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …. ။
ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …. ။
အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။
မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ဘေးမှာ
ရာသက်ပန် ဖျက်သိမ်း ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်...။ ။
မင်းလူ

Wednesday, January 20, 2016

Terminology Mix Up : Carlsberg To Stop Using “TOO POH” In Local Brew


Myanmar Carlsberg will stop using the Myanmar word “Too Poh” on the beer bottles of brand Tuborg, responding to allegations the name was being used to capitalize on the popularity of a classic Myanmar Thingyan song, Too Poh. In a press release on Tuesday, Carlsberg explains Tuborg is a Danish beer that has been brewed since 1875 and music and fun is the DNA of it. The brand just aims to portray music and fun like in other countries, the statement added. The brewery pledged to make some changes but requested for “understanding” while the process is ongoing.
Last week, Zaw Myo Oo, the grandson of “Too Poh” composer Saya Myo Ma Nyein, held a press conference to explain about the misuse of "Too Poh", the word from the song representing Myanmar's Traditional Thingyan festival. He said that the Carlsberg Company has made negotiations with his family four times for the use of the word "Too Poh" but his family never agreed with it. He said the brand used the word “Too Poh” anyway despite their disapproval. He threatened to sue the company if changes wouldn’t be made.

World Class : Myanmar Journalist Awarded For Outstanding Reporting

A Myanmar Journalist, Htet Khung Linn, was awarded with EU’s Lorenzo Natali Media Prize for his outstanding reporting on child prostitution in Myanmar. Out of more than 1,400 registered participants across the world, the European Commission selected nine journalists for the quality of their journalistic work. Their journalistic reports covered topics ranging from the e-waste economy in Ghana, to innovative farming methods in slums in Kenya, drug crime in Mexico, and child prostitution in Myanmar. The 2015 edition of the award was organized in the context of the European Year for Development, and for the first time, the competition was open to both professional and amateur journalists, as well as bloggers. Established in 1992 by the European Commission, the Lorenzo Natali Media Prize is awarded in memory of Lorenzo Natali, former Commissioner for Development and a staunch defender of freedom of expression, democracy, human rights and development.--MITV