Friday, June 3, 2022

the monasteries with ancient artefacts

 

Athinkyayar Oat Kyaung in Sagu becomes tourist attraction

 

Among the monasteries with ancient artefacts in Sagu, Minbu District, Magway Region, such as Hmankin Yotesone Monastery, Thonehtet Yotesone Monastery, and Kan Oo Monastery, Athinkyayar Oat Kyaung (or) Pha-hta-ma-tite Oat Kyaung is a prominent monastery.

 

Athinkyayar Oat Kyaung (or) Pha-hta-ma-tite Oat Kyaung is located in the compound of the Thonehtet Yotesone Monastery and is a thousand-year-old building. The monastery is also known as Pitaka Monastery because Pha-hta-ma-kyaw Sayadaw resided there with Pitaka manuscripts.

According to the inscriptions, it was built on 22 January 1393 AD by the Duke of Athinkyayar, brother-in-law of King Swa Saw Kae. This 77-feet long and 55-feet wide monastery has a unique design and craftsmanship of ancient masonry and is now attracting tourists from all over the world. – Zeya Htet (Minbu)/GNLM

      











 

 

ရှေးခေတ်သုခုမ အနုလက်ရာများနဲ့ စကုမြို့မှ အသင်္ခယာအုတ်ကျောင်း (သို့) ပထမတိုက်အုတ်ကျောင်း

မင်းဘူး   မေ   ၂၀

 

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင် ထေရ်ကြီးစေတီ၊ ဘိုးနန်းသူစေတီ၊ မှန်ကင်း ရုပ်စုံကျောင်း၊ သုံးထပ်ရုပ်စုံကျောင်း၊ ကန်ဦးဘုန်းတော်ကြီးကျောင်းများနည်းတူ အင်္ခယာအုတ်ကျောင်း(သို့) ပထမတိုက် အုတ်ကျောင်းဟာလည်း ထင်ရှားသော ကျောင်းတစ်ကျောင်း ဖြစ်သည်။

      ပထမတိုက် အုတ်ကျောင်းသည် သုံးထပ် ရုပ်စုံကျောင်းဝင်းအတွင်း တည်ရှိပြီး နှစ်ပေါင်း ထောင်ကျော်သော အဆောက်အအုံဟောင်း တစ်ခုဖြစ်ကာ ရှေးယခင်က အပေါ်ဆုံးထပ်တွင် ပထမကျော် ဆရာတော် သီတင်းသုံးပြီး ပိဋိကတ် စာပေများနဲ့ အထောက်အထားရှိလို့ ပိဋိကတ် တိုက်ကျောင်းဟုလည်း ခေါ်ကြသေးသည်။

      ပထမတိုက် အုတ်ကျောင်းကို မင်းကြီးစွာစော်ကဲယောက်ဖ အတုလမိဖုရားကြီး၏ မောင်တော်ကြီး အသင်္ခယာ မြို့စားမင်းက မြန်မာသက္ကရာဇ် ၇၅၄ ခုနှစ် တပို့တွဲလဆန်း ၁၀ ရက် ခရစ်နှစ် ၁၃၉၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် လယ်မြေပယ်ပေါင်း ၆၄၂ ပယ်နဲ့ ၁ စိတ်ပေါ်တွင် ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း ကျောက်စာ အထောက်အထားများအရ သိရသည်။ ကျောင်းတော်ကြီးကို အလျား ၇၇ ပေခွဲ၊ အနံ ၅၅ ပေ၊ အမြင့် ၃၈ ပေနဲ့ အတွင်းဘက် လိုဏ်ပတ်လမ်းအကျယ် ၃ ပေ ၈ လက်မ၊ အမြင့် ၆ပေ ၈ လက်မတို့ဖြင့် ဆောက်လုပ် လှူဒါန်းထားသော ရှေးခေတ် ပန်းရံဆရာများရဲ့ သူ့ခုမအနု လက်ရာများနဲ့ အဆန်းတစ်ကြယ် ရှိနေသည့် အပြင် မျက်စိပသာဒ အလှတရားများနဲ့ ပြည့်စုံတာကြောင့် ကမ္ဘာလှည့် ခရီးသွားများ၊ အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများ လေ့လာ လည်ပတ်စရာနေရာ ဖြစ်လာပေတော့မည်။

ဇေယျာထက်(မင်းဘူး)

 

No comments:

Post a Comment