Friday, June 3, 2022

Famous canals of Mann Chaung

 

Famous canals of Mann Chaung

The canals in Mann Chaung of Saku Township of Minbu District in Magway Region have been famous since Bagan era.

      

They are

1. Shwe Canal

2. Paunglaung Canal

3. Pway Kyit Canal

4. Lulintal Canal

5. Myaungnat Canal

6. Kyat Khaung Canal

7. Sakar Canal

8. Nabu Canal

9. Pay Taw Canal

10. Yoma Yoe Canal

11. Mal Kan Canal.

The main canal and branch canals are

1.      Mann Main Canal/Shwe Myaung Gyi

2.      Kalar Haung Canal

3.      Mashat Canal

4.      Mahti Canal

5.      Saku Branch Canal

6.      Padaw Canal

7.      Paunglaung/Theingathu Canal

8.      Sakkula Canal

9.      Mal Thila Yoe Canal

10.  Pway Kyit Canal

11.  Nalin Thi Canal

12.  Myaungnet Canal

13.  Shar Pin Canal

14.  Kanthit Canal

15.  Mingalar Canal

16.  Htan Yone Canal

17.  Yaypu Canal

18.  Sakaryoe Canal

19.  Phalan Taw Canal

20.  Taw Htwin Canal. All canals bring benefits to thousands of acres of fields a lot.

 These canals can be seen in various stone inscriptions especially on the Pothugyi Thatta stone inscription in 606 ME, Khin Mami stone inscription curved on 15th Waxing of Taboung, 614 ME, another stone inscription donated by the stepmother of King Kyaswa and palm-leaf inscriptions made in 1233 ME.

The Paunglaung Canal is 3.9miles long with 3.8cubic ft/second in water flow and 1,816 irrigated areas. The first point is 20° 13’ 07” N, 94° 41’ 48.1” E.  The Pwaykyit Canal is 1.5 miles long with 15.5 cubic feet/second and 644 irrigated areas. The first point is 20° 13’ 38” N, 94° 43’ 57” E, according to history researcher U Zaw Myo of Sagu Township. – Zeya Htet (Minbu)/GNLM






 

 

ပုဂံခေတ်မှ ယနေ့တိုင် ထင်ရှားလျက်ရှိသော မန်းချောင်းလွင်ပြင်မှ မြောင်းများ

မင်းဘူး မေ ၂၅

 

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့ မန်းချောင်းလွင်ပြင်ရှိ မြောင်းများမှာ ပုဂံခေတ်မှ ယနေ့အထိ အထင်အရှား ရှိခဲ့ကြသည်။

      ထိုထင်ရှားသောမြောင်းများမှ ရှေးယခင် မြောင်များ ဖြစ်ကြသော

၁။ရွှေမြောင်း၊ (၂) ပေါင်းလောင်းမြောင်း၊ (၃) ပွေးကျစ်မြောင်း၊ ( ၄) လုလင်သည်မြောင်း၊ မြောင်းနက်‌မြောင်း၊ (၆) ကျက်ခေါင်းမြောင်း၊ (၇) စကားမြောင်း၊ (၈) နဘူးမြောင်း၊ (၉) ပေတောမြောင်း၊ (၁၀) ရိုးမရို့မြောင်း၊ (၁၁) မယ်ကံ မြောင်းတို့ဖြစ်ပြီး ယခုလက်ရှိ မြောင်းမကြီးများနှင့် လက်ခွဲ မြောင်းများမှာ

၁။ မန်းမြောင်းမကြီး/ရွှေမြောင်းကြီး၊ (၂) ကုလားဟောင်းမြောင်း၊ (၃) မရှက်မြောင်း၊ (၄) မထီးမြောင်း၊ (၅) စကုလက်ခွဲမြောင်း၊ (၆) ပဒေါ်မြောင်း၊ (၇) ပေါင်းလောင်း/သိင်္ဃသူမြောင်း၊ (၈) စက္ကလမြောင်း၊ (၉) မယ်သီလရိုးမြောင်း၊ (၁၀) ပွေးကျစ်မြောင်း၊ (၁၁) နလင်သီမြောင်း၊ (၁၂) မြောင်းနက်မြောင်း၊ (၁၃) ရှားပင်မြောင်း၊ (၁၄) ကံသစ်မြောင်း၊ (၁၅) မင်္ဂလာမြောင်း၊ (၁၆) ထန်ရုံမြောင်း၊ (၁၇) ရေပူရိုးမြောင်း၊ (၁၈) စကားရိုးမြောင်း၊ (၁၉) ဖလံတောမြောင်းနှင့် (၂၀) တောထွင်းမြောင်းတို့ဖြစ်ကြပြီး လယ်ဧပေါင်း သောင်းကျော်အတွက် များစွာအကျိုးပြုသော မြောင်းများဖြစ်သည်။

      ထိုမြောင်းများကို ကျောက်စာ အမျိုးမျိုးတွင် တွေ့ရှိရပြီး သက္ကရာဇ် ၆၀၆ ခုနှစ် ပိုသူကြီး သတ္တျာ ကျောက်စာ၊ ၆၁၄ ခုနှစ် တပေါင်းလဆန်း ၁၅ ရက်တွင် ခင်မမိကျောက်စာ၊ ကျစွာမင်းကြီး၏ မိထွေးဒေါ် လှူဒါန်းသောကျောက်စာနှင့် ၁၂၃၃ ခုနှစ်တွင် ရေးသားထားသော ပုရပိုက်စာများတွင် ယနေ့တိုင် အထင်အရှားတွေ့ရပြီး ပေါင်းလောင်းမြောင်း အရှည် ၃.၉ မိုင်၊ ရေထုစီးနှုန်း ၃.၈ ကုဗပေ/စက္ကန့်နှင့် ရေသောက်ဧရိယာ ၁၈၁၆ ဧကဖြစ်ပြီး၊ မြောင်းအစနေရာ ( ၂၀° ၁၃ ၀၇ N, ၉၄° ၄၁ ၄၈.၁ E) ဖြစ်၍ ပွေးကျစ်မြောင်း အရှည်မှာ ၁.၅ မိုင်၊ ရေထုစီးနှုန်း ၁၅.၅ ကုဗပေ/စက္ကန့်နှင့် ရေသောက်ဧရိယာ ၆၄၄ ဧက မြောင်းအစနေရာ  (၂၀° ၁၃ ၃၈ N, ၉၄° ၄၃ ၅၇ E) တို့ဖြစ်ကြောင်း စကုမြို့ သမိုင်းသုတေသီ ဦးဇော်မျိုးဦးထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)

No comments:

Post a Comment