Tuesday, March 1, 2016




၁၃၀၀ပြည့်အရေးတော်ပုံမန္တလေးအာဇာနည်(၁၇)ဦး(၇၇)နှစ်မြောက်

အထိမ်းအမှတ်အခမ်းအနားကျင်းပ၊စုပေါင်းအလေးပြုဆွမ်းဆက်ကပ်



        ၁၃၀၀ပြည့်အရေးတော်ပုံမန္တလေးအာဇာနည်(၁၇)ဦးတိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့ခြင်း(၇၇)နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကိုမတ်(၁)ရက်နံနက်၇နာရီကမန္တလေးမြို့ချမ်းမြသာစည်မြို့နယ်မဟာမုနိဘုရားကြီးတောင်ဘက်ဦးပွားဘုရား ရှေ့ကွင်းပြင်တွင်မြို့မိမြို့ဖများ၊နိုင်ငံရေးပါတီများမှအဖွဲ့ဝင်များ၊အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊အခြေခံပညာကျောင်းသားကျောင်းသူများစုဝေးကြပြီးနံနက်၈နာရီတွင် ချမ်းမြ၀တီလမ်း၊မန္တလေး-စစ်ကိုင်းလမ်းအတိုင်းအာဇာနည်(၁၇)ဦးဓာတ်ပုံများကိုင် ဆောင်၍ချမ်းမြသာစည်မြို့နယ်တမ္မ၀တီရပ်ကွက်အာဇာနည်ဗိမာန်သို့ငြိမ်သက်စွာ စုရုံးချီတက်ကြသည်။ထိုနောက်အာဇာနည်ဗိမာန်တွင်နေရာယူခြင်း၊နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊အခြေခံပညာကျောင်းများနှင့်ပရဟိတကျောင်းများမှ ကျောင်းသားကျောင်းသူများကလွမ်းသူပန်းခွေ၊ပန်းခြင်းများချအလေးပြုကြသည်။ထို နောက်တက်ရောက်လာသူများကစု့ညီအလေးပြုခြင်း၊မြို့မိမြို့ဖဦးသိန်းတန်၊ဦးရွှေကြူး၊ ဦးပိုမြင့်တို့ကအဖွင့်စကားများနှင့်ပြောကြားပြီးပင့်သံဃာတော်များအားနေ့ဆွမ်းဆက် ကပ်လှူဒါန်းခြင်း၊အာဇာနည်များအားရေစက်ချအမှုပေးဝေကြသည်။ထိုနောက်စာရေး ဆရာဆူးငှက်၊စာရေးဆရာဇော်ခိုင်ဦးတို့ကအာဇာနည်(၁၇)ဦးနှင့်စပ်လျဉ်း၍ဂုဏ်ပြု ဟောပြောသည်။၁၃၀၀ပြည့်အရေးတော်ပုံတွင်မန္တလေးမြို့မှသံဃာတော်များ၊မြို့လူထု နှင့်ကျောင်းသားကျောင်းသူများကနယ်ချဲ့တို့အားငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြရာ၂၆ လမ်းမြန်မာ့စီးပွားရေးဘဏ်(၁)ရှေ့တွင်နယ်ချဲ့လက်ပါးစေမြင်းစီးပုလိပ်အဖွဲ့မှအကြမ်း ဖက်ဖြိုခွဲမှုကြောင့်ရဟန်းရှင်လူ(၁၇)ဦးကျဆုံးခဲ့ရပြီးချမ်းမြသာစည်မြို့နယ်တမ္မ၀တီရပ် ကွက်မန္တလေး-စစ်ကိုင်လမ်းသူကြွယ်ကုန်းတွင်မြို့မိမြို့ဖများကအာဇာနည်(၁၇)ဦးဗိမာန် တည်ဆောက်၍ဂုဏ်ပြုခဲ့ကြခြင်းဖြစ်သည်။တော်လှန်ရေးကောင်စီခေတ်၊လမ်းစဉ်ပါတီ ခေတ်၊နအဖအစိုးရလက်ထက်အထိအာဇာနည်များအားဆွမ်းဆက်ကပ်အလေးပြုပွဲ ကျင်းပခွင့်ပိတ်ပင်ထားခဲ့သော်လည်းဒီမိုကရေစီအစိုးရလက်ထက်အာဇာနည်ဗိမာန် အားပြုပြင်မွန်းမံပေးခဲ့ပြီးအခမ်းအနားများကျင်းပခွင့်ပေးခဲ့ကြောင်းသိရသည်။ Credit to Journalist

No comments:

Post a Comment