Chatthin Wildlife Sanctuary is home to
biodiversity, wintering ground for seasonal migration
Aung Win Nyein (Kantbalu)
Myanmar is rich in natural resources and
biodiversity, therefore, legislation and policies are
enacted to protect and conserve the environment. Chatthin Wildlife Sanctuary located in Kantbalu and
Kawlin townships, Sagaing Region is one of the
protected areas for wildlife animals, plant species and ecosystem. Chatthin Wildlife Sanctuary is a
protected area of the native bird species, migratory birds in
winter, diverse species and Myanmar golden deer in the dipterocarp forest which is locally known as
Indaing.
Chatthin Wildlife Sanctuary covers 21,908 acres in Kantbalu Township and 42,356.42
acres in Kawlin
Township. The sanctuary conserves biodiversity and Indaing ecosystem to contribute towards
sustainable development. Chatthin Wildlife Sanctuary
conservation activities are being implemented with an aim to promote environmental conservation
practices, stand as an educational centre for conservation, and
enhance the socio-economy of the local community and ecotourism.
It is home to critically endangered Myanmar
golden deer, six bird species and one reptile species. The
rare six bird species are Jerdon's
Minivet, Hooded Treepie, Ayeyarwady Bulbul, native Bushlark, white-throated
Babbler and native Dove. One rare reptile is the rare flap shell turtle.
Moreover, the endangered species such as python, boa, migratory birds, forest
bird species and other 787 diverse species are recorded at Chatthin Wildlife
Sanctuary, said U Win Naing, warden of Chatthin Wildlife Sanctuary.
A total of 10,473 bird species are identified in the world
and 1,116 bird species are found in the country. Myanmar is home to many
endemic and endangered bird species.
Next, 262 bird species (223 forest bird species and 39
waterbird species) are recorded at Chatthin Wildlife Sanctuary, along with
the priceless natural resources. Other 30 migratory bird species including
waterbird species such as gull, Spoon-billed sandpiper, woodcock, red-wattled lapwing, greylag
goose, and ruddy shelduck, and forest species such as Indian paradise
flycatcher, barn swallow, brown shrike, wagtail, Eurasian Wryneck are
found at Chatthin Wildlife Sanctuary. Migratory birds flock to the Wildlife
Sanctuary between October and March. The population of migratory bird species
vary every year, according to a bird survey conducted between the 2016-2017
Financial Year and 2020-2021FY. Wetland areas in the Chatting Wildlife
Sanctuary are estimated at 1,000 acres in the monsoon period, about 400 acres
in winter and 300 acres in summer.
The visitors can enjoy bird
watching, boat tours, trekking, bicycling and observing the animal and plant
species. A guesthouse is also located at the sanctuary for a night trip.
According to global
biodiversity conservation pacts, the Kyayin wetland area in the sanctuary is
also a protected land to protect the habitats of migratory birds.
Every year, migratory birds flock to the
freshwater lake, where there is abundant food, away from colder regions with
frozen lakes and a short food supply that make it difficult for them to
survive. The seabirds and bird species from
the North Pole migrate for the winter to various countries through nine
flyways. They fly from their breeding grounds to wintering grounds to survive.
Migration is the regular seasonal movement undertaken by many species of
birds.
Migratory birds enter
Myanmar through two flyways: The central Asian Flyway and East Asia- Australasian Flyway every year.
Kyayin wetland area at the Chatthin Wildlife Sanctuary is one of the safe destinations
for migratory birds.
As the bird species are warm-blooded
animals, the incubation period is June to August. Some birds undergo colour
changes in the breeding season. Bird species play a pivotal role in the
valuable ecosystem and they defend the crops from the pests and rodents. They
also carry out seed dispersal and pollination, resulting in tangible benefits to the
people.
Bird surveys are conducted each financial
year to observe the bird species which move to Chatthin Wildlife Sanctuary in
winter and undertake a comparative study for the
population growth and decline of those migratory birds in each month and
year
We also endeavour to record certain migratory bird species
which choose their wintering spots, and contribute to research and awareness
campaigns, said U Win Naing, a warden.
Chatthin Wildlife Sanctuary is implementing habitat
restoration for sustainable development and conserving the migratory birds and
other endemic species, awareness campaigns to educate the local community about
the importance of biodiversity and patrolling activities for wildlife
conservation.
Translated by Ei Myat Mon
ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌
ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ကျက်စားလျှက်ရှိပြီး ငှက်များရာသီအလိုက်
ရွှေ့ပြောင်းနေထိုင်ကျက်စားလျက်ရှိ
ကန့်ဘလူ - မေ ၅
မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များနှင့်
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည် နှင့် အညီ ယင်းတို့ရေရှည်တည်တံ့စေရန်နှင့်သဘာဝဂေဟစနစ်များ
အမြဲရှင်သန်ကောင်းမွန်စေရန် မူဝါဒဥပဒေများ ပြဌာန်း၍ ထိန်းသိမ်းကာကွယ်လျက်ရှိရာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် နှင့် ကောလင်းမြို့နယ်ရှိ ချပ်သင်း
တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ချပ်သင်းတောရိုင်းတိရစ္ဆာန်
ဘေးမဲ့တောသည် အင်တိုင်းတောဂေဟစနစ်အတွင်း ကျရောက်ရှင်သန်ကျက်စားလျက်ရှိသော
ဌာနေငှက်မျိုးစိတ်များ ရာသီအလိုက် ပြောင်းရွှေ့ကျက်စားတတ်သော
ဆောင်းခိုငှက်မျိုးစိတ်များအပါအဝင် ဌာနေဇီဝမျိုးစုံမျိုးကွဲများ နှင့်
မြန်မာ့ရွှေသမင်များ ကို အဓိကထိန်းသိမ်း ကာကွယ်လျှက်ရှိသော သဘာဝထိန်းသိမ်းရေး
နယ်မြေတစ်ခုဖြစ်ကြောင်း သိရသည်။
ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ကန့်ဘလူခရိုင်
ကန့်ဘလူမြို့နယ်နှင့် ကောလင်းခရိုင် ကောလင်းမြို့နယ်တို့အတွင်း တည်ရှိပြီး
ကန့်ဘလူမြို့နယ်တွင် ၂၁၉၀၈ ဧကနှင့်ကောလင်းမြို့နယ်တွင် ၄၂၃၅၆ဒသမ ၄၂ ဧကပါဝင်ကျရောက်လျက်ရှိပြီး
ကမ္ဘာတွင် မြန်မာနိုင်ငံ၌သာရှင်သန်ကျက်စားပြီး မျိုးသုဉ်းတော့မည့် အန္တရာယ်နှင့်
ရင်ဆိုင်နေရသည့် မြန်မာ့ရွှေသမင်နှင့် ၎င်းမှီခိုတောများကိုကာကွယ်ထိန်း သိမ်းရန်၊
သဘာဝဝန်းကျင်ရေမြေအပါအဝင် အခြားဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေးနှင့်
အင်တိုင်းတောဂေဟစနစ်ကို ကာကွယ်ထိန်းသိမ်းရန်၊ သဘာဝဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ
ပညာပေးဌာနတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်ရန်၊ သဘာဝဝန်းကျင်ဆိုင်ရာသိပ္ပံပညာရပ်
မြှင့်တင်ရေးသုတေသနလုပ်ငန်းများ
အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်မှုရရှိရန် စသည့် ရည်ရွယ်ချက်များချမှတ်၍
ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ထိန်းသိမ်းကာကွယ် ရေးလုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဘေးမဲ့တောအတွင်း မြန်မာနိုင်ငံ၌သာတွေ့ရသော
မြန်မာ့ရွှေသမင်မျိုးစိတ်၊ ရှားပါးငှက်မျိုးစိတ် (၆)မျိုးနှင့်
တွားသွားမျိုးစိတ(၁)မျိုးတို့ ရှင်သန်ကျက်စားကြောင်းသိရပြီး
ငှက်မျိုးစိတ်(၆)မျိုးမှာ ငှက်မင်းသားဗိုက်ဖြူ၊ နဖားကြူးမြီးဝိုင်း၊ ချိုလည်ရစ်၊
ဗွတ်မွဲ၊ မြန်မာဘီလုံး၊ ငွေ့တို့ ဖြစ်ပြီး တွားသွားမျိုးစိတ်(၁)မျိုးမှာ
စင်းချောလိပ်ဖြစ်၍ စုစုပေါင်း ဒေသရင်းမျိုးစိတ် (၈)မျိုးအထိ တွေ့ရှိရသည့်အပြင်
မျိုးသုဉ်းရန် အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် စပါးကြီး မြွေ၊ စပါးအုံးမြွေနှင့်
ဆောင်းခိုငှက်များ၊ သစ်တောငှက်မျိုးစိတ်များနှင့် အခြားဇီဝမျိုးစုံမျိုးကွဲပေါင်း
(၇၈၇)မျိုးထိ မှတ်တမ်းတင်ထားနိုင်သည့် ဘေးမဲ့တောဖြစ်ကြောင်း ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ထံမှသိရသည်။
ကမ္ဘာပေါ်တွင်ငှက်မျိုးစိတ်ပေါင်း (၁၀၄၇၃) မျိုးရှိပြီး
မြန်မာနိုင်ငံတွင်ငှက်မျိုးစိတ်ပေါင်း (၁၁၁၆) မျိုး တွေ့ရှိ
မှတ်တမ်းတင်ထားနိုင်ခဲ့၍ အရှေ့တောင်အာရှတွင် ငှက်မျိုးစိတ်ပေါကြွယ်ဝမှုအများဆုံး
တွေ့ရှိရသည့်နိုင်ငံဖြစ်
ကြောင်းသိရသည်။ ချပ်သင်းဘေးမဲ့တောတွင် ငှက်မျိုးစိတ်ပေါင်း
(၂၆၂)မျိုးတွေ့ရှိရပြီး မြန်မာနိုင်ငံတွင်းသာတွေ့ရှိရ သည့်
ငှက်မျိုးစိတ်ခြောက်မျိုးနှင့်မျိုးသုဉ်းရန် ရင်ဆိုင်နေရသည့်
ငှက်မျိုးစိတ်များတွေ့ရှိရခြင်းသည် ချပ်သင်းဘေးမဲ့ တော၏ အဖိုးထိုက်တန်သော
သယံဇာတများရှိနေသည်ကို တွေ့ရမှာဖြစ်သည်။
ဘေးမဲ့တောတွင် မှတ်တမ်းတင်ထားသော ငှက်မျိုးစိတ်များမှာ
(၂၆၂)မျိုးမှာ သစ်တောငှက်မျိုးစိတ် (၂၂၃)မျိုး၊ ရေငှက်မျိုးစိတ်
(၃၉)မျိုးတို့ဖြစ်ပြီး ရာသီအလိုက်ရွှေ့ပြောင်းကျက်စားသည့် ဆောင်းခိုငှက်မျိုးစိတ်
(၃၀)မျိုး ပါဝင်နေကြောင်း တွေ့ရှိရသည်။ ၎င်းဆောင်ခိုငှက်မျိုးစိတ်(၃၀)မျိုးမှာ
ဇင်ယော်၊ ရေညှောင့်၊ စနိုက်၊ တစ်တီတူး၊
တောငန်းရိုင်း၊ သောင်းတင်၊ ဟင်္သာစသည့်
ရေငှက်မျိုးစိတ်(၁၁)မျိုး ပါဝင်နေပြီး စာဖြူ၊ မိုးဆွေငှက်၊ ငှက်တစပ်၊ မြီးညှောင့်၊
သစ်တောက်လည်လိမ်၊ မြီးညှောင့်ခေါင်းမွဲ၊ တောရှိုးမ စသည့် သစ်တောငှက်မျိုးစိတ်
(၁၉)မျိုးတို့ဖြစ်ပြီး ချပ်သင်းဘေးမဲ့တောအတွင်းရှိ ကျေးအင်းရေဝပ်ဒေသတွင်
ဆောင်းရာသီကာလဖြစ်သည့် အောက်တိုဘာလမှ မတ်လ အထိ ဆောင်းခိုငှက်များ
လာရောက်ကျက်စားကြကြောင်းနှင့် မျိုးစိတ်နှင့် အကောင်ရေ လအလိုက်ကျက်စားမှု အခြေအနေ
အနည်းငယ် ကွဲပြားသော်လည်း ကျက်စားမှုကောင်းစွာ နှစ်စဉ်ကျက်စားလျှက်ရှိကြောင်း
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ
လစဉ်ငှက်စာရင်းကောက်ယူမှုမှတ်တမ်းများအရ သိရသည်။ ချပ်သင်းဘေးမဲ့တောအတွင်းရှိ
ကျေးအင်းရေဝပ်ဒေသသည် မိုးရာသီကာလတွင် ဧက (၁ဝဝဝ)ခန့် ကျယ်ဝန်းပြီး
ဆောင်းရာသီကာလတွင် ဧက ၄၀၀ခန့်၊ နွေရာသီကာလတွင် ဧက (၃၀၀)ခန့်
ကျယ်ဝန်းသည့်ရေဝပ်ဒေသတစ်ခု ဖြစ်သည်။ ။
ဘေးမဲ့တောအတွင်း ရာသီအလိုက်ရွှေ့ပြောင်းကျက်စားသည့်
ငှက်များလေ့လာနိုင်ခြင်း၊ လှေစီးအပန်းဖြေနိုင် ခြင်း၊
တောတွင်းလမ်းလျှောက်လေ့လာနိုင်ခြင်း၊ စက်ဘီးဖြင့်လေ့လာနိုင်ခြင်း၊
အခြားဇီဝမျိုးစုံမျိုးကွဲများ လေ့လာခြင်း တို့ဆောင်ရွက်နိုင်ပြီး
ညအိပ်လေ့လာတည်းခိုနိုင်သည့် ၀ဦး တည်းခိုနိုင်သော တောတွင်းဧည့်ရိပ်သာ အဆောက်
အဦများရှိကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာဇီဝမျိုးစုံမျိုးကွဲများ
ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေး ကတိကဝတ်များအရ ကမ္ဘာ့ရာသီ အလိုက်
ရွှေ့ပြောင်းကျက်စားသော ငှက်များထိန်းသိမ်းကာကွယ်ရန်အလို့ငှာ
ကျေးအင်းရေဝပ်ဒေသသည်လည်း ထိန်းသိမ်းကာကွယ်ရမည့် နယ်မြေတစ်ခုဖြစ်သည်။
ကျေးအင်းရေဝပ်ဒေသတွင် ရာသီအလိုက်ရွှေ့ပြောင်းကျက်စား
သော ဆောင်းခိုငှက်မျိုးစိတ်များသည် ကမ္ဘာ့မြောက်ပိုင်းဒေသများတွင်
ပေါက်ပွားကျက်စားသော ငှက်မျိုးစိတ်များ ဖြစ်ပြီး ဆောင်းရာသီတွင်
ဆီးနှင်းများကျရောက်သဖြင့် နှင်းများထူထပ်စွာဖုန်းလွှမ်းခြင်းများ
ဖြစ်ပေါ်နေသောကြောင့် အစာရရှိရန်ခက်ခဲခြင်းနှင့် နေ့တာတို၍ ညတာရှည်ပြီး
နေရောင်ခြည်ရရှိမှုနည်းပါးခြင်း၊ အအေးဓာတ်လွန်ကဲခြင်း တို့ကြောင့် ၎င်းတို့
အသက်ရှင်သန်နေထိုင်ရေးတို့အတွက် အစားအစာလွယ်ကူစွာ ရရှိနိုင်မည့် ရာသီဥတုပူနွေးသော
ကမ္ဘာ့တောင်ပိုင်း ဒေသများသို့ ပြောင်းရွှေ့ပြီး
ယင်းတို့၏ပျံသန်းရာလမ်းကြောင်းအတိုင်း နှစ်စဉ်ပုံမှန်ပျံသန်း ကျက်စား
နေထိုင်ကြကြောင်း သိရသည်။
ငှက်သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ
ကမ္ဘာတစ်ဝန်းလုံးတွင် ရာသီအလိုက် ရွှေ့ပြောင်း ကျက်စားသည့် ဆောင်းခိုငှက်များ
ပျံသန်းရာလမ်းကြောင်း (၉) ကြောင်းရှိသည်ဟု သိရပြီး ဆိုက်ဗေးရီးယားမှ အရှေ့တောင်အာရှ
နှင့်တောင်အာရှဘက်သို့ ရွှေ့ပြောင်းကျက်စားသည့် အာရှဗဟိုပျံသန်းရာလမ်းကြောင်း (Central Asia Flyway) ဖြင့်လည်းကောင်း၊
ရုရှားအရှေ့ပိုင်းနှင့် အလက်စတားမှ အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ ရွှေ့ပြောင်းကျက်စားသည့်
အရှေ့အာရှ သြစတြေးလျ ပျံသန်းရာလမ်းကြောင်း (East Asia Australian Flyway) ဖြင့်လည်းကောင်း ဆောင်းခိုငှက်များသည်
နှစ်စဉ်မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသို့ လာရောက်ကျက်စားနေထိုင် လျက်ရှိရာ
ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ ကျေးအင်း ရေဝပ်ဒေသ
အပါအဝင်ဖြစ်ကြောင်းသိရသည်။
ရာသီအလိုက်ရွှေ့ပြောင်းသော ငှက်နှင့်အခြားငှက်မျိုးများသည်
သွေးနွေးသတ္တဝါများဖြစ်ပြီး ဥမှအကောင် ပေါက်ပြီး အများစုသည် (ဇွန်၊ ဇူလိုင်၊
သြဂုတ်) လများတွင် သားပေါက်ကြကာ တစ်ချို့ငှက်များသည် မျိုးပွားချိန်နှင့်
မိတ်လိုက်ရာသီကာလများတွင် မူလအရောင်အတိုင်းမဟုတ်ဘဲ အရောင်အသွေးများပြောင်းလဲ
တတ်ကြသည်။ ငှက်မျိုးစိတ်များသည် သက်ရှိသက်မဲ့များ တစ်ခုကိုတစ်ခု အမှီပြုနေသော
ဂေဟစနစ်များတွင် အရေးပါသော အခန်း ကဏ္ဍတစ်ခုမှပါဝင်နေပြီး ငှက်များမှ
စိုက်ခင်းသီးနှံများတွင် ကျရောက်သည့် ပိုးမွှားအန္တရာယ်များကို ရှင်းလင်းပေးခြင်း၊
အပုတ်အသိုးများကို ရှင်းလင်းသုတ်သင်ပေးခြင်း၊ ဝတ်မှုံကူးပေးခြင်း၊
မျိုးစိတ်များဖြန့်ကျဲပေးခြင်း နှင့် ကြွက်များကို ရှင်းလင်းပေးခြင်းဖြင့်
လူများအတွက် အကျိုးပြုလျက်ရှိကြောင်းသိရသည်။
ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း
ကျရောက်ရှင်သန်ကျက်စားလျက်ရှိသော ငှက်မျိုးစိတ်များ၊
ရာသီအလိုက်ပြောင်းရွှေ့ကျက်စားတတ်သော ငှက်မျိုးစိတ်များ၏ ပေါများလာမှု၊ ရှားပါးလာမှုကို
လအလိုက်၊ နှစ်အလိုက်သိရှိနှိုင်းယှဉ်သုံးသပ်နိုင်ရန်အတွက်
ငှက်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် စီမံချက်
ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ ငှက်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို
ငှက်များမှတောအမျိုးအစားအလိုက် ရွေးချယ် ကျက်စားမှုအခြေအနေများအား သိရှိနိုင်ရန်၊
ရာသီအလိုက် ပြောင်းရွှေ့ကျက်စားတတ်သော
ငှက်မျိုးစိတ် စာရင်းများကို သိရှိမှတ်တမ်းတင်နိုင်ရန်၊ သုတေသနလုပ်ငန်းများနှင့်
ပညာပေးလုပ်ငန်းများတွင် အထောက်အကူပြု စေရန်၊ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း
ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် က ပြောသည်။
ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ရာသီအလိုက်
ပြောင်းရွှေ့ကျက်စားလျှက်ရှိသော ဆောင်းခိုငှက် များအပါအဝင်
ရှင်သန်ကျက်စားလျှက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဘေးမဲ့တောရေရှည်တည်တံ့
စေရေးအတွက်
တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများပြန်လည်တည်ထောင်ခြင်း၊
ဒေသခံပြည်သူများအား ပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကင်းလှည့်ထိန်းသိမ်းခြင်း
စသည့် ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ဘေးမဲ့တောမှ စီမံချက်များချမှတ်၍
ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)