Friday, June 3, 2022

Rare Myanmar golden deer

 

Rare Myanmar golden deer protected in Shwesettaw Sanctuary

The Myanmar golden deer, a rare species, is being conserved in the Shwesettaw Sanctuary in Minbu (Sagu) Township, Minbu District, Magway Region, according to the Board of Trustees of the Shwesettaw Pagoda.

The Department of Forestry has been keeping the golden deer in the Shwesettaw Sanctuary for the past 10 years and now there are 15 males and 30 females, each of which has to be fed K36,000 per day at a cost of K800 per head. Two workers are assigned to feed and care for the deer.

"Star tortoises and golden deer are among the world's rarest species. Our Myanmar golden deer are native to Myanmar and are extremely rare. We have to take good care of the golden deer cubs,” said U Myint Htay, secretary of the Shwesettaw Pagoda Board of Trustees. – Zeya Htet (Min Bu)/GNLM

 









 

 

ရှားပါးမျိုးစိတ် စာရင်းဝင် မြန်မာ့ရွှေသမင်များ ရွှေစက်တော် ဘေးမဲ့တော ဥယျာဉ်တွင် ထိန်းသိမ်းစောင့်ရှောက်ထား

မင်းဘူး  မေ  ၁၉

 

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော် ဘေးမဲ့တောဥယျာဥ်တွင် ရှားပါးမျိုးစိတ် စာရင်းဝင် မြန်မာ့ရွှေသမင်များ ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

      ထိုကဲ့သို့ ရွှေစက်တော် ဘေးမဲ့တော ဥယျာဉ်၌ ရွှေသမင်များ ထိန်းသိမ်း စောင့်ရှောက်ထားရာတွင် လွန်ခဲ့သော ၁၀ နှစ်ခန့်မှ စတင်ကာ သစ်တော ဦးစီးဌာနမှ လွဲပြောင်း ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် အထီး ၁၅ ကောင်၊ အမ အ‌ကောင် ၃၀၊ စုစုပေါင်း ရွှေသမင် ၄၅ ကောင်ရှိရာ တစ်ကောင်ကို အစာစရိတ် တစ်နေ့လျှင် ၈၀၀ ကျပ်နှုန်းဖြင့် ၃၆၀၀၀ အကုန်ကျခံ ကျွေးမွေးရပြီး ကန်စွန်းရွက်နှင့် အခြားအရွက်နု ကလေးများကို ရှာဖွေ ဝယ်ယူကျွေးမွေးရကြောင်း၊ ရေတိုက်၊ အစာကျွေးခြင်းနှင့် သမင်များ အနီးကပ်ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် အလုပ်သမား နှစ်ယောက်ထားပေးရကြောင်း သိရသည်။

      ကြယ်လိပ်တို့ ရွှေသမင်တို့ဆိုတာ ကမ္ဘာ့ ရှားပါးမျိုးစိတ် စာရင်းဝင်တွေပါ ကျွန်တော်တို့ မြန်မာ့ရွှေသမင်တွေ ဆိုရင်လည်း မြန်မာ တစ်နိုင်ငံ တည်းမှာသာရှိတဲ့ ဌာနေဖွား မျိုးစိတ်ဖြစ်ပြီး အလွန်မတန်မှ ရှားပါးတဲ့အတွက် မျိုးသုဥ်း မျိုးဆက်မပြတ်စေ‌ရေး၊ ရွှေသမင်သားပေါက်များ တိုးပွားလာစေရေးတို့အတွက် ဂရုတစိုက် ကျွေးမွေးစောင့်ရှောက် ထားရပါတယ်’’ ဟု ရွှေစက်တော် ဂေါပကအတွင်းရေးမှူး ဦးမြင့်ဌေးက ပြောသည်။

ဇေယျာထက်(မင်းဘူး)

 

Social

Art digital platform attracts domestic buyer 

Artists from other suburban areas outside big cities are relying on the eCommerce platform to penetrate the domestic market, said Maung Maung San, an artist from Monywa city.

“We relied on foreign demand earlier. Mostly, we sold them with US currency at the precinct of Mingun and Bagan pagodas. Thanks to the domestic market, our business is doing well,” Saya Maung Maung San said.

The COVID-19 global pandemic dealt a blow to the art market. Approximately 1 million worth of my artworks were previously sold per year. In 2020, I earned only K170,000 from my artworks, he added. 

At present, the trade is seemingly alive after a local called Ko Chit Khaing established the Monywa Gallery Art online to showcase the artworks of artists from Monywa City. 

"About 35 paintings were sold through that gallery. I earned about K2 million,” an artist Maung Maung San said. 

There are about 25 artists in Monywa. Five to six of them are financially doing well with the help of online market. – Lu Lay/GNLM

 

 






 

နယ်ပန်းချီစျေးကွက်အွန်လိုင်းမှထိုးဖောက်ရာပြည်တွင်းဝယ်ယူသူများတိုး
=================================================
လာ
=====
နယ်ပန်းချီစျေးကွက်ရှိပန်းချီဆရာများအနေဖြင့်စျေးကွက်ကို အွန်လိုင်း
ဖြင့်ထိုးဖောက်ရောင်းချနေရရာပြည်တွင်းမှဝယ်ယူသူများတိုးလာကြောင်း
မုံရွာမြို့နေချင်းတွင်းရေကြည်ပန်းချီဆရာမောင်မောင်စန်းထံမှသိရသည်။
"အရင်ကနိုင်ငံခြားသားအားကိုးပြီး ဒေါ်လာနဲ့ပဲရောင်းကြတယ်။မင်းကွန်းတို့ပုဂံတို့ကရောင်းကြရတာပေါ့။အခုတော့ဗမာတွေက ဝယ်လာကြပြီဆိုတော့ဗမာစျေးနဲ့ရောင်းရတာမဆိုးဘူးပေါ့ဗျာ။ကွက်သဘောသိလာတော့နိုင်ငံခြားသားမလာလဲကိစ္စမရှိဘူး။"ဟုဆရာမောင်မောင်စန်းကပြောသည်။
ယခင်ကပန်းချီကားများရောင်းကောင်းခဲ့သော်လည်းကိုဗစ်ကြောင့် မရောင်းရသည်အထိဖြစ်ခဲ့ရာ နှစ်စဥ်တစ်နှစ်လျင်ကျပ်၁၀သိန်းဖိုးခန့်ရောင်းခဲ့ရရာမှ၂၀၂၀ ခုကတစ်နှစ်လုံးမှ ကျပ်၁သိန်း၇သောင်းဖိုးဘဲရောင်းရကြောင်းဆရာမောင်မောင်စန်းကပြောသည်။လက်ရှိကာလတွင်မုံရွာမြို့နေ
ကိုချစ်ခိုင်ကMonywa Gallary Art အွန်လိုင်းပန်းချီပြခန်းထူထောင်၍
မုံရွာမြို့မှပန်းချီဆရာများ၏ပန်းချီကားများကိုရောင်းချပေးရာအရောင်း
ပြန်ဖြစ်လာကြောင်းသိရသည်။
"ကိုချစ်ခိုင်နဲ့နွယ်ပြီးရောင်းလိုက်ရတာပန်းချီကား၃၅ကား(သိန်း၂၀)
လောက်ရောင်းလိုက်ရပါတယ်။"ဟုဆရာမောင်မောင်စန်းကပြောသည်။
မုံရွာမြို့တွင်ပန်းချီဆွဲနေသူ၂၅ဦးခန့်တွင် ၅ဦး၆ဦးခန့်ပန်းချီကားအရောင်းလိုက်သည့်အတွက် စျေးကွက်ပီပြင်ကာဝင်ငွေရနေကြောင်းသိရသည်။

လူလေး