Friday, June 3, 2022

Ancient Myanmar Archaeological murals

 

Archaeological murals inside Koekhangyi Cave or Watgyi Cave in ruins

Koekhangyi Cave (or) Watgyi Cave is located in the Mhan Kinn Monastery in Minbu (Sagu) Township, Minbu District, Magway Region. The murals inside the cave, painted around 1,144 ME, are in ruins, historians say.

In addition to the eight Zattawgyi (dramas) written by Minbu Sayadaw U Aww Bar Tha such as Tay Mi Ya Zat, Mahar Zanaka Zat, Nay Mi Zat, Mahawthadar Zat, Sanna Kumara Zat, Nar Ra Zat, Wi Du Ya Zat, Waithanarar Zat; Thuwunna Tharma Zat written by Shin Pyinnyar Taikka; Buridat Zat written by Shin Nandar Maydar; were vividly painted, but the works are in a state of disrepair.

Pagodas and monasteries are mostly decorated with mural paintings and frescoes, and most of them are based on princes, princesses, soldiers, elephants and horses, and goddesses, life stories of Buddha.

Ancient paintings and sculptures delighted the hearts of onlookers, and tourists from all over the world visit the pagodas and temples in Myanmar with great interest.

As such, among the ancient artefacts, the ancient murals of the Koe Khan Gyi cave or Watgyi Cave inside the Mhan Kinn Monastery in Minbu will be revered as a place of interest for tourists from all over the country if they are repaired. – Zeya Htet (Min Bu)/GNLM












 

 

ပျက်စီးယိုယွင်းနေသော ကိုးခန်းကြီးလိုဏ်ဂူ (သို့)  ဝတ်ကြီးလိုဏ်ဂူထဲမှ ရှေးဟောင်း ယဉ်ကျေးမှု နံရံဆေးပန်းချီများ

မင်းဘူး   မေ   ၂၅

 

    ကိုးခန်းကြီးလိုဏ်ဂူ (သို့)  ဝတ်ကြီးလိုဏ်ဂူသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မှန်ကင်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တည်ရှိကာ လိုဏ်ဂူအတွင်းမှ နံရံဆေးပန်းချီများမှာ ပျက်စီး ယိုယွင်းနေပြီဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ် ဝန်းကျင်က ရေးဆွဲခဲ့ကြကြောင်း သမိုင်းသုတေသီများက ဆိုကြသည်။

      မင်းဘူးဆရာတော် ဦးဩဘာသ ရေးသားခဲ့သော ဇာတ်တော်ကြီးရှစ်ဘွဲ့ထဲက တေမိယဇာတ်၊ မဟာဇနကဇာတ်၊ နေမိဇာတ်၊ မဟော်သဓာဇာတ်၊ စန္ဒကုမာရဇာတ်၊ နာရဒဇာတ်၊ ဝိဓူရဇာတ်၊ ဝေဿန္တရာဇာတ်များ အပြင် ရှင်ပညာတိက္ခ ရေးသားတဲ့ သုဝဏ္ဏသာမဇာတ်နှင့် ရှင်နန္ဒမေဓာက ရေးသားတဲ့ ဘူရိဒတ် ဇာတ်တော်ကြီးများကို ဆေးစုတ်ချက် ကောင်းကောင်းနဲ့ အသက်ဝင်စွာ ရေးဆွဲ ပုံဖော်ထားသော်လည်း လက်ရာများက ပျက်စီးယိုယွင်းနေပြီးဖြစ်သည်။

      ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများတွင် များသောအားဖြင့် နံရံဆေးပန်းချီ ပန်းပုလက်ရာများဖြင့် ဆန်းပြားခမ်းနားစွာ ပုံဖော်ရေးဆွဲထားကြပြီး ရှေးခေတ် နန်းတွင်းမှ မင်းသား၊ မင်းသမီးပုံများ၊ စစ်သည်၊ များနှင့် ဆင်မြင်း ဗိုလ်ပါပုံများ၊ နတ်သား၊ နတ်သမီးများ၊ ဇာတကဝတ္ထုများနှင့် ဇာတ်နိပါတ်တော်လာ ပုံများကို အများဆုံး ထုထွင်းရေးဆွဲကြသည်။

      ရှေးခေတ်မှ ပန်းချီပန်းပု သုခုမအနုလက်ရာများသည် ထူးချွန် ပြောင်မြောက်လှသောကြောင့် မြင်ရသူတို့၏ စိတ်နှလုံးကို ကြည်နူးစေသည်၊ အေးမြစေသည်၊ ရင်ထဲ၊ အသည်းထဲကို စွဲမြဲစွာ ထင်ဟပ်စေသောကြောင့် ကမ္ဘာအရပ်ရပ်မှ ခရီးသွားပြည်သူများက မြန်မာပြည်မှ ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများအား စိတ်ပါဝင်စားစွာ အပတ်တကုတ် လာရောက်လေ့လာ လည်ပတ်ကြခြင်းဖြစ်သည်။

      ထိုကဲ့သို့ ရှေးမူ၊ ရှေးဟောင်း သုခုမအနုလက်ရာများထဲတွင် မင်းဘူးမြို့ မှန်ကင်းဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းမှ ကိုးခန်းကြီးလိုဏ်ဂူ ( သို့ ) ဝတ်ကြီးလိုဏ်ဂူ၏ ရှေးခေတ်နံရံ ဆေးပန်းချီများဟာဆိုရင်လည်း ပြန်လည်ပြင်ဆင် မွန်းမံလိုက်ပါက ရှေးမူ လက်ရာများ ပေါ်လွင်လာကာ အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများအတွက် လေ့လာလည်ပတ်စရာ နေရာတစ်ခုအဖြစ် ထင်ဟပ်လာစေမှာ ဖြစ်ပါတော့သည်။

ဇေယျာထက်(မင်းဘူး)