Monday, July 1, 2019

မြန်မာ့မြေပေါ်မှ လူတူပရိုင်းမိတ်များ

မောင်သာ(ရှေးဟောင်းသုတေသန)




ပရိုင်းမိတ် (Primates) သည် ဘူမိဗေဒ၊ ရှေးဟောင်းသုတေသန နှင့် မနုဿဗေဒ အပါအ၀င် ပညာရပ်နယ်ပယ်များမှ ပညာရှင်များနှင့် သုတေသီများ စိတ်ဝင်စားသည့် ကျောရိုးရှိ သတ္တ၀ါမျိုးစိတ်တစ်ခုမှ လူသားများ အဆင့်သို့ ဆင့်ကဲပြောင်းလဲလာ မှု၏ မူလဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်များ၏ မူလအစကို ဖော်ထုတ်နိုင်ရန် ပညာရှင်များသည် လူတူပရိုင်းမိတ် ရုပ်ကြွင်း များကို ရှာဖွေ လေ့လာ ခဲ့ကြသည်။
ပရိုင်းမိတ်သည် လက်တင်ဘာသာ (Primus) မှ ဆင်းသက်လာကာ ပထမဆုံးဟု အဓိပ္ပာယ်ရှိ၍ သတ္တလောကတွင် အသိ ဥာဏ်ပညာ ပထမဆုံး ဖွံ့ဖြိုးတိုးတက်ခဲ့သည့် သတ္တ၀ါဟုဆိုလိုသည်။ ပရိုင်းမိတ်တွင် အဆင့်နိမ့် ပရိုင်းမိတ်နှင့် အဆင့်မြင့် ပရိုင်းမိတ် ဟု ရှိရာ လူ၊ လူဝံ၊ မျောက်ဝံတို့သည် အဆင့်မြင့် ပရိုင်းမိတ်မှ ဆင်းသက်လာကြပြီး လူတူပရိုင်းမိတ်ဟုလည်း ခေါ်ဆိုသည်။ ယေဘု ယျအားဖြင့် အဆင့်နိမ့် ပရိုင်းမိတ်တွင် အံကြိုသွား(Premolar)သုံးချောင်းရှိပြီး အဆင့်မြင့်ပရိုင်းမိတ်တွင် အံကြိုသွား နှစ် ချောင်း ပါရှိသည်။
မြန်မာနိုင်ငံ၏ တောင်စဉ်တောင်တန်းများနှင့် မြေသားထုသည် လွန်ခဲ့သည့် နှစ် သန်း ၅၀၀ မှ စ၍ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ပြီးနောက် မြန်မာနိုင်ငံ အတွင်း လူသားများဖြစ်လာမည့် ပရိုင်းမိတ်များနေထိုင်ခဲ့သည့် အထောက်အထား များကို တွေ့ရှိခဲ့သည်။
မျိုးစိတ် တို့၏ မူလအစ
ဤကမ္ဘာမြေပေါ်တွင် လူသားများသည် မည်သည့်အချိန်တွင် မည်သို့ စတင်ဖြစ်ပေါ်သည်ကို မလေ့လာနိုင်သေးမီ ၁၈ ရာစုအထိ လူအများက လူသားများကို ဘုရားသခင်ဖန်တီးခဲ့သည်ဟူသည့် အယူအဆကို လက်ခံခဲ့ကြသည်။ သို့သော် ၁၈၅၆ ခုနှစ်တွင် ဂျာမနီ နိုင်ငံ၌ နင်းဒါသယ်(Neanderthal) ခေါ် ရှေးဦးလူ အရိုးစု တစ်ခုကို တွေ့ရှိခဲ့ပြီးနောက် အာရှ ၊ ဥရောပနှင့် အာဖရိကဒေသများတွင် လူသားမျိုးနွယ်၏ အရင်းမူလကို ဖော်ထုတ်နိုင်မည့် အထောက်အထားများကို ရှာဖွေခဲ့ကြသည်။ ၁၈၅၉ ခုနှစ်တွင် ဗြိတိသျှနိုင်ငံမှ သဘာဝ လောကသိပ္ပံ ပညာရှင် ချားစ်ဒါဝင်က “မျိုးစိတ်တို့၏ မူလအစ” (The Origin of Spieces) စာအုပ်ကိုရေးသားထုတ်ဝေခဲ့ရာ ကမ္ဘာတစ်ဝန်း ပညာရှင်များ အကြား ဝေဖန်မှုမျိုးစုံ ထွက်ပေါ်ခဲ့သည်။ လူသည် ဖန်ဆင်းခံဖြစ်သည် ဟူသော အစဉ်အလာ အယူအဆမှ ခွဲထွက်လျက် လူသည် ကျောရိုးရှိ သတ္တ၀ါတစ်မျိုးမှ ဆင့်ကဲပြောင်းလဲ ဖွံ့ဖြိုးလာခြင်းသာ ဖြစ် ကြောင်း အယူအဆအသစ်တစ်ရပ်ကို ဖော်ထုတ်ခဲ့သည့် ချားစ်ဒါဝင်၏ စာအုပ်ထွက်ခဲ့ချိန်က ဝေဖန် ငြင်းခုန်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် လူမျိုးနွယ် ဆင့်ကဲဖြစ်စဉ်ကို အတည်ပြု နိုင်မည့် ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိခဲ့ကြသည်။
လူတူပရိုင်းမိတ် (Anthropoid Primate) အယူအဆများ
ဂရိဝေါဟာရ Anthropoid သည် Anthro (လူ)၊ poid (တူ)၊ လူတူဟု အဓိပ္ပာယ်ရှိသည်။လူတူပရိုင်းမိတ်များသည် အခြား နို့တိုက်သတ္တ၀ါများထက် ဦးနှောက်အိမ်ပိုမိုကြီးမားကာ မျက်လုံးများသည် မျက်နှာရှေ့တွင်ရှိသဖြင့် ရှေ့တည့်တည့်သို့ ကြည့်မြင် နိုင်သည်။ပြားကပ်သော ခြေသည်း လက်သည်းများပါရှိသည့် ခြေချောင်းနှင့် လက် ငါးချောင်းစီပါဝင်သည့် ခြေလက်များကို အလွယ် တကူ လှုပ်ရှားနိုင်ခြင်း နှင့်မေးရိုးသည် ရှေ့သို့ငေါထွက်မနေဘဲ တည့်မတ်နေခြင်းတို့သည် အခြားနို့တိုက်သတ္တ၀ါ များထက် ပိုမိုထူးခြားသည့် လူတူ ပရိုင်းမိတ်များ၏ လက္ခဏာများဖြစ်ကြသည်။
လွန်ခဲ့သည့် နှစ်သန်း ၅၀ က အာဖရိကတိုက်၊ ဥရောပတိုက်နှင့် အာရှ တိုက်တို့တွင် လူတူပရိုင်းမိတ်များစတင်ပေါ်ပေါက်ခဲ့ သည်။အာရှတိုက်တွင် လူတူပရိုင်းမိတ်များသည် လွန်ခဲ့သည့် နှစ်သန်း ၄၀ တွင် စတင်ပေါ်ပေါက်ခဲ့၍ ဆင့်ကဲပြောင်းလဲမှု များဖြစ် ပေါ်ခဲ့ပြီးနောက် လွန်ခဲ့သည့် နှစ် နှစ်သန်းခွဲတွင် လူသားများ အဆင့်သို့ရောက်ရှိခဲ့သည်။ ထို့ကြောင့်ကမ္ဘာမြေပေါ်၊မြေအောက်တွင် တွေ့ရှိရ သည့် လူတူ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများသည် ဤကမ္ဘာမြေတွင် သက်ရှင် နေထိုင်နေကြသည့် လူသားများ၏ မူလဇစ်မြစ်ကို လေ့လာရာတွင် အဓိက ကဏ္ဌမှ ပါဝင်နေပေသည်။
လူတူ ပရိုင်းမိတ် (Anthropoid Primates) များသည် ကမ္ဘာသစ် နှင့် ကမ္ဘာဟောင်းတွင်စတင်ဖြစ်ပေါ်ခဲ့သည်ဟု ယူဆခဲ့ကြ ရာ ကမ္ဘာသစ်သည် တောင်နှင့်မြောက်အမေရိကတိုက်ဖြစ်၍ ကမ္ဘာဟောင်းသည်အာရှ၊ ဥရောပ နှင့် အာဖရိကတိုက်ဖြစ်သည်။ လူ၊ လူဝံ၊ မျောက်၊ မျောက်ဝံများ သည် ကမ္ဘာဟောင်းတွင်စတင်ဖြစ်ပေါ်ခဲ့၍ နို့တိုက် သတ္တ၀ါများ၏ မျိုးနွယ်စုဟု ယူဆကြသည့် ပီလိုင် ကိုစော တွားသွားသတ္တ၀ါငယ်များသည် လွန်ခဲ့သော နှစ်သန်း ၂၀၀ ၀န်းကျင်မှ စ၍ ကမ္ဘာမြေပြင်ပေါ်တွင် တည်ရှိခဲ့ကြသည်။ ယင်း တို့သည် အဆင့်ဆင့် ပြောင်းလဲခဲ့ပြီး ကမ္ဘာသစ်မျောက် နှင့် ကမ္ဘာဟောင်းမျောက်ဟူ၍ နှစ်မျိုးကွဲပြားခဲ့သည်။ ကမ္ဘာဟောင်း မျောက် များ သည် လူသား မျိုးနွယ်နှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု ပညာရှင်များက ယူဆကြပြီး ယင်းတို့သည် လွန်ခဲ့ သော နှစ် သန်း ၃၀ မှ နှစ် ငါးသိန်း အတွင်း ကနဦး လူသား Homo Sapien များအဆင့်သို့ တိုးတက်ပြောင်းလဲခဲ့သည်။
လူသား၏ မူလဇစ်မြစ်ကိုလေ့လာမှုတွင် လူနှင့် မျောက် အကြား ကွင်းဆက်ပြတ်နေသည့် ကွဲပြားခြားနားမှု (Missing Link) ကို ၁၉၇၄ ခုနှစ်တွင် တွေ့ရှိခဲ့သည်။မနုဿဗေဒ ပညာရှင် ဒေါ်နယ်ဂျိုဟန်ဆင်သည် အီသီယိုးပီးယားနိုင်ငံတွင် ၆၀ ရာခိုင်နှုန်းပျက်စီး နေသည့် ထူးခြားသော ပရိုင်းမိတ် အရိုးစု တစ်ခုကို တွေ့ရှိခဲ့ရာ ယင်း ရုပ်ကြွင်းသည် အရပ်သုံးပေခွဲသာ မြင့်သော်လည်း ဒူးဆစ်များ ၏ ဖွဲ့စည်းပုံ အနေအထားအရ လူ၏ သွင်ပြင် လက္ခဏာ အတိုင်း မတ်မတ် လမ်းလျှောက်ခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ သည်။ ဒေါ်နယ်ဂျိုဟန်ဆင် က ယင်းပရိုင်းမိတ်ရုပ်ကြွင်းကို လူစီဟု အမည်ပေးခဲ့သည်။
လူစီသည် လူ တစ်ယောက်ထက် မျောက်တစ်ကောင်နှင့် ပိုတူနေပြီး လူစီ ရုပ်ကြွင်း၏ သက်တမ်းသည် လွန်ခဲ့သော နှစ် ၃ ဒသမ ၉ သန်းဖြစ်သည်။နောက်ပိုင်းတွင် အရိုးစုများ၊ ဦးခေါင်းခွံများကို အပြည့်အစုံတွေ့ရှိခဲ့ကြသဖြင့် လူစီသည် လူနှင့် မျောက် အကြား ပျောက်ဆုံးနေသည့် ကွင်းဆက်ဟု ယူဆခဲ့ကြသည်။
အမေရိကန် သဘာဝသမိုင်းပြတိုက်မှ အော်လ်ဆင် (Olson) သည် ၁၉၀၆ ခုနှစ် တွင် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့အနီး ဆာဟာရ သဲကန္တာရ အစပ်ရှိ ဖာယွန်မှ ပရိုင်းမိတ် မေးရိုးတစ်ခုကို ရရှိခဲ့ကာ Aegyptopithecus Zeuxis ဟုအမည်ပေး ခဲ့သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း ယေးလ်တက္ကသိုလ်မှ အယ်ဝင်ဆိုင်မွန် (Elwyn Simons) ဦးဆောင်သည့် အဖွဲ့က ယင်း ရုပ်ကြွင်း နှင့် မျိုးတူ ဦးခေါင်းခွံ၊ အရိုးများနှင့် မေးရိုးများကို ထပ်မံတွေ့ရှိခဲ့သည်။ ထို ရုပ်ကြွင်း သည် လူ နှင့်မျောက်တို့စတင် ဖြစ်ပေါ် ခဲ့ သော အစောဆုံး ပရိုင်းမိတ်မျိုးနွယ် ဖြစ်ပြီးသက်တမ်း နှစ် သန်း ၃၀ ဖြစ်သည်။
ပညာရှင်များက ပရိုင်းမိတ် ရုပ်ကြွင်း အဆင့်ဆင့်ကို တွေ့ရှိခဲ့သည့် အာဖရိကတိုက်ကို ကမ္ဘာပေါ်တွင် လူသားများစတင် ဖြစ်တည်ရာဒေသအဖြစ် ယူဆခဲ့ကာ လူမျိုးနွယ်၏ ပုခက်နေရာဟု တင်စားခဲ့ကြသည်။လူနှင့် မျောက်ဖြစ်လာမည့် ကျောရိုးရှိ အဆင့် မြင့် ပရိုင်းမိတ်များသည် ဆင့်ကဲပြောင်းလဲခဲ့ပြီး အာဖရိကမှ ကမ္ဘာ့နေရာအနှံ့သို့ရောက်ရှိ ပျံ့နှံ့ခဲ့သည်ဟူသည့် အယူအဆ (Out of Africa Theory) တစ်ရပ် ထွက်ပေါ်လာခဲ့သည်။သို့သော်လည်း ၁၉၉၄ ခုနှစ်က Nature မဂ္ဂဇင်း၌ တရုတ်နိုင်ငံတွင် တွေ့ရှိခဲ့ သည့် သက်တမ်း နှစ် နှစ်သိန်းငါးသောင်းရှိသည့် ခေတ်လူ ဦးခေါင်းခွံသည် ခေတ်ပြိုင် အာရှသားများနှင့် ပုံသွင် တူညီနေကြောင်း ဖော်ပြ ချက်က ယင်းအယူအဆ ကိုပြောင်းလဲရန် အစပျိုးခဲ့သည်။ Science ဂျာနယ်တွင်လည်း အမေရိကန် နှင့် အင်ဒိုနီးရှား ပညာရှင်များက ဂျာဗားကျွန်းတွင် တွေ့ရှိခဲ့သည့် ခေါင်းခွံရုပ်ကြွင်းများ၏ သက်တမ်းသည် မူလသတ်မှတ်ထားသည့် နှစ် တစ်သန်း မဟုတ် ဘဲ နှစ် နှစ် သန်းဖြစ်ကြောင်း ထုတ်ဖော်နိုင်ခဲ့ကြသည်။
အထောက်အထားအသစ်များတွေ့ရှိခဲ့ခြင်းနှင့် အတူ ပညာရှင်များအကြား ငြင်းခုန်မှုများဖြစ်ပွားခဲ့ကာ အာဖရိက သီအိုရီကို စိမ်ခေါ်မှုများ ပေါ်ပေါက်လာခဲ့သည်။လူသားများသည် အာဖရိက မှ စတင်ပျံ့နျံ့ခြင်းမဟုတ်ဘဲ ကမ္ဘာ့နေရာ အနှံ့တွင် တစ်ပြိုင်တည်း ဖြစ် ပေါ် နိုင်ခဲ့ကြောင်း အယူအဆများ ထွက်ပေါ်ခဲ့သည်။
မြန်မာ့မြေမှ ပရိုင်းမိတ်များ
မြန်မာနိုင်ငံ၏ ပထမဆုံး လူတူပရိုင်းမိတ်ရုပ်ကြွင်းကို ၁၉၁၄ ခုနှစ်တွင်အိန္ဒိယနိုင်ငံ ဘူမိဗေဒ တိုင်းတာရေးဌာနမှ ဘူမိ ဗေဒ ပညာရှင် ဒေါက်တာ ကော့တာ (G.de.P.Cotter) က မကွေးတိုင်းဒေသကြီး၊ပုံတောင်ဒေသ၊ မြိုင်မြို့နယ်၊ဖန်းကန်ရွာအနီး ကျစ်ချောင် မှ တွေ့ ရှိခဲ့သည်။(ရွံ့စေးပြင်ကျယ်နေရာ Clay Gully ကို ကျစ်ချောင်ဟု ခေါ်ဆိုသည်။)
အဆိုပါ လူတူပရိုင်းမိတ် ရုပ်ကြွင်းသည် ညာဘက် အောက်မေးရိုး အပိုင်းအစနှင့် အံသွားနှစ်ချောင်းစီ ပါဝင်သော ဘယ် ဘက် အောက်နှင့် အထက်မေးရိုးအပိုင်း အစတို့ဖြစ်သည်။ ယင်းတို့ကို အင်္ဂလိပ်ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် GE Pligrim
က ပုံတောင်ဂျီးယားပေါ်တာရိုင်း(Pondaungia cotteri) ဟု အမည်ပေးခဲ့သည်။၁၉၂၃ ခုနှစ်တွင် အမေရိကန် သဘာဝသမိုင်းပြတိုက် မှ ဘူမိဗေဒပညာရှင် ဒေါက်တာ ဘာနမ်ဘရောင်း (Barnum Brown) သည် မုံရွာခရိုင် ပုလဲမြို့နယ်၊ မိုးကောင်းရွာအနီးမှ ပရိုင်းမိတ် ရုပ်ကြွင်းအောက်မေးရိုး အပိုင်းအစတစ်ခုကို ထပ်မံတွေ့ရှိခဲ့သည်။သို့သော် ၁၉၆၄ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း အီဂျစ်နိုင်ငံတွင် သက်တမ်း နှစ် သန်း ၃၀ ရှိသည့် ရုပ်ကြွင်းကို တွေ့ရှိခဲ့သဖြင့် မြန်မာ့ပရိုင်းမိတ်များသည် ထင်ရှားခြင်း မရှိခဲ့ချေ။
၁၉၇၈ ခုနှစ် ၊ ဧပြီလတွင် မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိက ဦးဘမော်နှင့် ကျောင်းသူကျောင်းသား များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ပုံတောင်ဒေသ၊ မိုးကောင်းကျေးရွာအနီးမှ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း နှစ်ခု ဖြစ်သည့် ပုံတောင်ဂျီးယား ရုပ်ကြွင်းအံသွားနှင့် မိုးကောင်းဂျင်းနစ် ရုပ်ကြွင်း အံသွားတို့ကို တွေ့ရှိခဲ့သည်။ထိုနှစ် စက်တင်ဘာလတွင် မန္တလေး တက္ကသိုလ် ဘူမိ ဗေဒဌာနမှ ကထိက ဦးသော်တင့်ကလည်း ပုံတောင်ဂျီးယား မေးရိုးအပိုင်း နှစ်ခုကို တွေ့ရှိခဲ့သည်။
ဦးဘမော်နှင့် ဦးသော်တင့် တို့တွေ့ရှိခဲ့သည့် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း လေးခုကို ၁၉၉၇ ခုနှစ်တွင် အမျိုးသားပြတိုက် (ရန်ကုန်)သို့လွဲပြောင်းပေးအပ်ခဲ့ပြီးနောက် ကျောက်ဖြစ်ရုပ်ကြွင်းများကို ပိုမိုပြည့်ပြည့်စုံစုံ ရရှိနိုင်စေရန် နိုင်ငံတော်အစိုးရက ”ပုံ တောင် ပရိုင်းမိတ်ရှာဖွေ လေ့လာရေး အဖွဲ့”ကို ဖွဲ့စည်းခဲ့သည်။ယင်းအဖွဲ့က ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မြိုင်မြို့နယ် ၊ ဗဟင်း ကျေးရွာအနီး ယာရှည် ကျစ်ချောင်မှ သွားတန်းအပြည့်နီးပါး ပါရှိသော အောက်မေးရိုးတစ်စုံကို ၁၉၉၈ ခုနှစ်တွင်တွေ့ ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သော ပရိုင်းမိတ်ရုပ်ကြွင်းများနှင့်စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမတွင်ကျင်းပခဲ့ရာ တက်ရောက်လာကြသည့် ကျောက်ဖြစ် ရုပ်ကြွင်းပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များနှင့် မနုဿဗေဒ ပညာရှင်များက ယင်း ရုပ်ကြွင်း များသည် လူတူပရိုင်းမိတ်များဖြစ်ကြောင်း လက်ခံခဲ့ကြ သည်။
ဆက်လက်၍ ပုံတောင်ပရိုင်းမိတ် ရှာဖွေလေ့လာရေးအဖွဲ့သည် နိုင်ငံတကာ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များအား ဖိတ် ခေါ်၍ အဆင့်မြင့် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း သုတေသန လုပ်ငန်းများကို ပြုလုပ်ခဲ့သည်။ မြန်မာ အမေရိကန်၊ မြန်မာ ဂျပန်၊ မြန်မာ ပြင်သစ် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာရေး အဖွဲ့များသည် ကွင်းဆင်းသုတေသန လုပ်ငန်းများကို ၁၉၉၈ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့သည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ထိုစဉ်က ယဉ်ကျေးမှု ၀န်ကြီးဌာန)သည် ၂၀၀၄ ခုနှစ်တွင် ပုံတောင် ပရိုင်းမိတ် ရှာဖွေ လေ့လာရေးလုပ်ငန်းကို စစ်မဟာဗျူဟာ လေ့လာရေးဌာနမှ လွှဲပြောင်းရယူကာ ၂၀၀၅ ခုနှစ်မှ ယနေ့တိုင် ဆောင်ရွက်လျက် ရှိနေသည်။
ပုံတောင်ပရိုင်းမိတ်
ပညာရှင်များသည် မြန်မာနိုင်ငံ၊ပုံတောင်ဒေသမှ တွေ့ရှိခဲ့သည့် လူတူ ပရိုင်းမိတ်ရုပ်ကြွင်းများကို ပုံတောင်ဂျီးယား မျိုးစု (Pondaungia)၊အမ်ဖီ ပီသီးကပ် မျိုးစု(Amphiptithecus)၊ဗဟင်းနီးယား မျိုးစု(Bahinia)နှင့် မြန်မာ ပီသီးကပ်မျိုးစု (Myanmar Pithecus) ဟု ခွဲခြားသတ်မှတ်ခဲ့သည်။
ပုံတောင်ဂျီးယားပရိုင်းမိတ်များကို ၁၉၁၄ ခုနှစ်၊၁၉၇၈ နှစ်နှင့် ၁၉၉၇ ခုနှစ်တို့တွင်လည်းကောင်း၊အမ်ဖီပီသီးကပ် ပရိုင်း မိတ်များကို ၁၉၂၃ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်တို့တွင်လည်းကောင်း၊ ဗဟင်းနီးယားပရိုင်းမိတ်နှင့် မြန်မာပီသီးကပ် ပရိုင်းမိတ်များကို ၁၉၉၈ ခုနှစ်တွင် လည်းကောင်း တွေ့ရှိခဲ့သည်။ ဘူမိဗေဒပညာရှင်များက ယင်းပုံတောင်ပရိုင်းမိတ်ရုပ်ကြွင်းများ၏ သက်တမ်းသည် နှစ် သန်း ၄၀ ဖြစ်ကြောင်း ယူဆ ခဲ့ကြသည်။
ပုံတောင်ပရိုင်းမိတ်တွေ့ရှိမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ကြစေရန် ၂၀၁၅ ခုနှစ် ၊ အောက်တိုဘာလ ၃၀ ရက်တွင် အမျိုးသားပြတိုက်(ရန်ကုန်)၌ မြန်မာနိုင်ငံပုံတောင်ကျောက်လွှာစုနှင့် ဧရာဝတီကျောက်လွှာစုတို့ရှိ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများနှင့် ပတ်သက်၍ သုတေသနပြု လေ့လာတွေ့ရှိချက်များအကြောင်း ပြည်တွင်းပြည်ပ ပညာရှင် များ၏ ဟောပြောပွဲ တစ် ရပ်ကို ကျင်းပခဲ့သည်။
ပုံတောင်မှ တွေ့ရှိခဲ့ရသည့် ပရိုင်းမိတ်ရုပ်ကြွင်းများသည် အီယိုဆင်းသက်တမ်းကာလ မြေလွှာတွင် တွေ့ရှိခဲ့ရသဖြင့် သက် တမ်း နှစ် သန်း ၄၀ ရှိကြောင်း စစ်ဆေး အတည်ပြုခဲ့သည်။ထိုစဉ်က ကမ္ဘာတွင်သက်တမ်းအရင့်ဆုံး ဟု သတ်မှတ်ထားခဲ့သော ပရိုင်း မိတ်သည် သက်တမ်း နှစ် သန်း ၃၀ သာရှိ သဖြင့် ပုံတောင်ပရိုင်းမိတ်ရုပ်ကြွင်းများက နှစ် ၁၀ သန်း စောနေခဲ့ပေသည်။
၁၉၇၉ ခုနှစ် မတ်လ ၂၁ ရက်ထုတ် တိုင်းမ် မဂ္ဂဇင်းတွင် ” လွန်ခဲ့သော နှစ်သန်း ၄၀ မှ အဆင့်မြင့် ပရိုင်းမိတ် ရုပ်ကြွင်း များ ကို မြန်မာနိုင်ငံတွင် တွေ့ရှိ ” ဟူသည့် သတင်းကို ဖော်ပြခဲ့သဖြင့် လူသား၏ ဇစ်မြစ်မူလသည် အာဖရိကဟု ယူဆထား ကြရာမှ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ထို့အတူပင် ၁၉၇၉ ခုနှစ် မေလ ၈ ရက်နေ့ထုတ် The Boston Globe သတင်းစာက “လူသား များ ၏ ဇာတိနေရာ အာရှမှာတွေ့ပြီ” ဟု ခေါင်းစည်းတပ်ထားသည့် ဆောင်းပါးကိုဖော်ပြခဲ့သည်။ အေးရှားဝိခ် မဂ္ဂဇင်း က “မြန်မာ့ မေးရိုးများ က လာရာလမ်းကို ညွှန်ပြနေပြီ ”ဟုလည်းကောင်း၊ တိုင်းမဂ္ဂဇင်းက ၁၉၇၉ ခုနှစ် သြဂုတ်လ ၅ ရက်တွင် “မြန်မာ့အရိုးများ က အာဖရိက ဇာစ်မြစ်ကို စိန်ခေါ်လိုက်ပြီ ” ဟုလည်းကောင်း ဖော်ပြခဲ့ကြသည်။၁၉၇၉ ခုနှစ် နိုဝင်ဘာ လထုတ် Nature မဂ္ဂဇင်းက ကမ္ဘာပေါ်တွင် တွေ့ရှိ ပြီးသမျှ အဆင့်မြင့် ပရိုင်းမိတ်ရုပ်ကြွင်းများအနက် မြန်မာနိုင်ငံတွင် တွေ့ရှိ ခဲ့သည့် ပရိုင်း မိတ်ရုပ်ကြွင်းများ သည် အစောဆုံးဖြစ်ကြောင်း အတည်ပြုခဲ့သည်။
၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံ မွန်ဘိုင်းတွင်တွေ့ရှိခဲ့သည့် ပရိုင်းမိတ်သည် နှစ် ၄၂ သန်းရှိပြီဟု ထုတ်ပြန်ခဲ့သော်လည်း ယင်း ပရိုင်းမိတ်သည် လူတူပရိုင်းမိတ် မဟုတ်သဖြင့် မြန်မာနိုင်ငံမှ တွေ့ရှိထားသည့် လူတူ ပရိုင်းမိတ်ရုပ်ကြွင်းသည် သက်တမ်းအရင့်ဆုံး ဖြစ်ခဲ့သည်။
ရှေးဦးလူတူပရိုင်းမိတ်များသည် အာရှတိုက်၌ စတင် ဆင့်ကဲဖြစ်ပေါ်၍ နောက်ပိုင်းတွင် အာဖရိကတိုက်သို့ ရွှေ့ ပြောင်းဝင် ရောက်ခဲ့သည် ဟူသောအချက်ကို Afrasia djijidae ကျောက်ဖြစ်ရုပ်ကြွင်းအား အခြေခံ၍ သက်သေပြနိုင်ဖွယ်ရှိ ကြောင်း ပြင်သစ် နိုင်ငံ ပွန်တီယာတက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ဦးက ပြောကြားခဲ့သည် ။
လူသားမျိုးနွယ်၏ အစကိုရှာဖွေဖော်ထုတ်ရာတွင် အလွန် အရေးပါသည့် လူတူ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများကို
မြန်မာနိုင်ငံ ပုံတောင်ကျောက်လွှာစုများအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ရာယင်းတို့၏ သက်တမ်းသည် နှစ်ပေါင်း ၃၇ ဒသမ ၂ သန်းမှ နှစ်သန်း ၄၀ အကြားဖြစ်သည်။အလွန် ရှေးကျသော လူတူပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများကို မြန်မာနိုင်ငံ အတွင်း တွေ့ ရှိရ သည့်အတွက် လူသားမျိုးနွယ်အစသည် မြန်မာနိုင်ငံအပါအ၀င် အာရှဒေသမှ ဖြစ်သည်ဆိုသော အဆိုသည် ပိုမို ခိုင်မာလာသည် နှင့် အမျှ လူသားအစ ၊ မြန်မာက ဟု ဂုဏ်ယူနိုင်ကြမည်ဖြစ်ပေသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် စဉ်ဆက်မပြတ်သောမြန်မာ့ယဉ်ကျေးမှု သမိုင်းကိုဖော်ထုတ်ပြသနိုင်ရန် နေပြည်တော် နှင့် ရန်ကုန်ရှိအမျိုးသား ပြတိုက်တို့တွင် ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်းတစ်ခုစီကို ဖွင့်လှစ် ပြသ ထား သည်။ ယင်း ပြခန်းများတွင် လူသားအစ မြန်မာက ဟု ဂုဏ်ယူကြရမည့် လွန်ခဲ့သော နှစ်သန်း ၄၀ က ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာနိုင်ကြပေသည်။
နောက်ဆက်တွဲ ပရိုင်းမိတ်သုတေသနများ
မြန်မာနိုင်ငံတွင် ကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေခြင်းလုပ်ငန်းများကို ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၁၃ ခုနှစ် တွင် ပေါက်၊ ပခုက္ကူ၊ဆိပ်ဖြူ၊ပြင်ဦးလွင်မြို့နယ်တို့မှ ပရိုင်းမိတ် အပေါ်သွားသုံးးခုကို တွေ့ရှိခဲ့သည်။ဧရာဝတီ ကျောက်လွှာစု မှလည်း ရှေးဦး ကြံ့၊ဆင်၊ကျွဲ၊နွား၊ရေမြင်း၊၀က်တို့၏သွားနှင့် အရိုးအပိုင်းအစများ အပါအ၀င်ကျောက်ဖြစ်ရုပ်ကြွင်း ၃၇၇ ခုကိုရရှိခဲ့ သည်။
ထို့အတူ ပြင်သစ်နိုင်ငံ၊ပွိုင့်တီးယေး တက္ကသိုလ်မှ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ပါမောက္ခ Jeans Jacques JAEGER ဦးဆောင်သော အဖွဲ့သည် မြန်မာအဖွဲ့နှင့် ပူးပေါင်းကာ မကွေး၊ ရေနံချောင်း၊မြိုင်မြို့နယ်များနှင့် ကလေးဝ ကျောက်မီးသွေးတွင်းတို့ တွင် ကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေခဲ့သည်။ထို့အတူ ၂၀၁၅ ခုနှစ်တွင်မြန်မာဂျပန် ကျောက်ဖြစ်ရုပ်ကြွင်းရှာဖွေလေ့လာ ရေး အဖွဲ့သည် ဆိပ်ဖြူမြို့နယ်၊ ဂွေးပင်ကျေးရွာမှ ပရိုင်းမိတ်အပေါ် အံကျိုးတစ်ခုနှင့် ဧရာဝတီကျောက်လွာစုမှ နို့တိုက်သတ္တ၀ါ ကျောက်ဖြစ်ရုပ်ကြွင်းအပိုင်းအစများကို တွေ့ရှိစုဆောင်းနိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် လူသားမျိုးနွယ်စု ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တွင်ကျန်ရှိနေသည့် ကွင်းဆက်များနှင့် လူသားရင်းမြစ်အစကို ခိုင်မာစွာ ဖော်ထုတ်နိုင်ရန် လူတူ ပရိုင်းမိတ်ရှာဖွေခြင်း လုပ်ငန်းများကို ပြည်ပပညာရှင်အဖွဲ့များနှင့် ပူးပေါင်းလျက် နှစ်စဉ်ဆောင်ရွက် လျက်ရှိ နေရာ ပိုမိုပြည့်စုံသော လူသားအစမြန်မာက အထောက်အထားများကို ဖော်ထုတ်လာနိုင်မည်ဖြစ်ပေသည်။
ကိုးကား
လူသားအစမြန်မာက (ဒေါက်တာတင်သိန်း၊ဘူမိဗေဒ)
အခြေပြ မြန်မာ့နိုင်ငံရေး သမိုင်း(ပထမတွဲ)
ရှေးဟောင်းသုတေသန အစီရင်ခံစာများ
မနုဿဗေဒ ဒီပလိုမာ သင်တန်းမှတ်စုများ
ဓာတ်ပုံ အင်တာနက်

Tuesday, May 28, 2019

Myanmar outbound tourism rising year-on-year




Myanmar outbound tourism rising year-on-year
Myanmar’s outbound tourism has continued to thrive year over year, according to overseas tour agencies.
Some Myanmar holidaymakers are going for self-planned trips, while some are opting for guided overseas trips offered by tour agencies.
According to tour operators, Myanmar people are mostly travelling to Bangkok, Hong Kong, Singapore, Thailand, Bodh Gaya, India, Nepal, China, Viet Nam, Malaysia, Jordan, South Korea, the US, and Europe.
“The most popular destinations are Bangkok, Singapore, Bodh Gaya, India, and Nepal. Some people are also vacationing in South Korea, China, and Hong Kong. Most people are visiting countries which grant visa-exemptions to tourists carrying normal passports. Some are opting for countries that have easy visa requirements. Western countries, especially in Europe and the US, have become popular destinations for Myanmar travelers,” said U Thet Lwin Toe, the chair of the Myanmar Tourism Entrepreneurs Association.
Myanmar travelers prefer holidaying in visa-free countries, said overseas tour operators.
“Visa-free countries are popular among travelers. Some overseas tour agencies are organizing monthly trips to Viet Nam,” said an agent with ET (Eastward Travel) Tour.
Some agents are reportedly facing difficulties as customers are even choosing against countries offering visa-exemptions.
“Visa exemptions are offered by countries such as Japan, South Korea, Macau, and Hong Kong. But, travelers still need to apply for visas in order to visit those destinations. Some travelers do not want to bother applying for visas and are choosing to go to visa-free countries only,” said an agent with Beautiful Memories Travels and Tours.
We also don’t have many options when it comes to choice of flights, she added.
A small number of airlines are operating from Myanmar. There are only two or three flights to Europe. Similarly, there are two flights to Korea,” she said.
According to data from the Hotels and Tourism Department under the Ministry of Hotels and Tourism, Myanmar had 2,712 tour companies as on December, 2018, of which 553 held outbound tour licences. The department does not have details of outbound travelers, but efforts are on to collaborate with other departments to compile data.
“We cannot provide data for outbound tourism. Frankly, companies do not provide actual numbers of outbound travelers. The Ministry of Labour, Immigration, and Population (MOLIP) might have the figures. We are planning to link with them,” said U Tint Zaw Myint, the deputy director of the Hotels and Tourism Department.
The MOLIP does not have close links or contact with us. According to data provided by members of the Myanmar Tourism Entrepreneurs Association, there are around 500,000 outbound travelers every year,” said U Thet Lwin Toe.
“The number of travelers headed to Bodh Gaya annually does not reach 100,000. Data from outbound tour agencies shows around 50,000-60,000 travelers go to Bodh Gaya every year,” he added.
“Moreover, the related departments are strict about issuing licences to outbound tour agencies as, in their view, those businesses contribute to an outflow of revenue,” said U Thet Lwin Toe.
“It is hard for outbound tour agents to obtain a licence. It seems, the department is not very supportive of outbound tourism. The government no longer contributes to Myanmar Tourism Entrepreneurs Associations. Outbound tourism can help travelers gain knowledge and find new opportunities,” he said.
“At present, outbound tourism is booming in Myanmar. Tourist arrivals are also growing year over year. Tourist arrivals stood at 3.44 million in 2017 and 3.55 million in 2018. The arrival rate increased by 3.15 per cent in 2018 compared with 2017,” said Vice President Henry Van Thio, who is also the chair of the National Tourism Development Central Committee, at a meeting held in Hotel Max, Nay Pyi Taw, on 26 February.
“Myanmar has adopted a Look East policy, granting visa exemptions to tourists from Japan, South Korea, Hong Kong, and Macau, to attract more Asian travelers and boost the tourism industry. Travelers from China and India, holding normal passports, can also get visa-on-arrival at Yangon, Mandalay, and Nay Pyi Taw international airports,” he said. _ Nyein Nyein (Translated by Ei Myat Mon)















Four mega urban projects under implementation in Yangon and Mandalay



Four mega urban projects under implementation in Yangon and Mandalay
            The Department of Urban and Housing Development (DUHD) under Ministry of Construction is undertaking four mega urban projects in Yangon, the commercial capital and Mandalay, a commercial and cultural city of the Republic of Union of Myanmar.  The projects aim to provide people with employment, boost production sector, create a green environment and a place that is more adaptable to environmental changes. These projects are New Mandalay Resort City, Eco Green City, Korea-Myanmar Industry Complex and Smart District.
New Mandalay Resort City Project
            The project is located near mile post 21 on Mandalay-Muse Road (AH-1) in Pyin Oo Lwin, Mandalay Region covering about 9,893 acres. The project will be developed in three phases. Phase One covers 2,200 acres comprising of an IT facility, convention centre, schools and a commercial zone that includes banks, offices and retail places. Phase Two covers 2,919 acres with land allocated for industry and tourism sector. Phase Three with 4,774 acres will consist of housing, hotels, recreation and entertainment facility such as a golf course. Under Union level supervision a Steering Committee was formed to handle the project. Members of the Steering Committee lay down project related policies. A feasibility study was carried out by Surbana Jurong, Singapore’s largest engineering firm and one of the largest Asia-based global urban, industrial and infrastructure consulting firms. Developers were three local groups Khin Myanmar Development, Central Irrawaddy Development and Shwe Taung Development. Upon completion of the project, it will provide modern accommodations and job opportunities for locals while raising their living standard.
Korea-Myanmar Industrial Complex Project
            Korea-Myanmar Industrial Complex Project is located near Nyaunghnapin, Hlegu Township just west of mile post 5 miles 6 furlong of Yangon-Mandalay Expressway. It covers a land area of 555 acres. Korea Land and Housing Corporation (KLHC) and DUHD were partnering to construct a US$ 110 million industrial zone in Nyaunghnapin. KLHC and DUHD were investing 60 and 40 percent respectively in the project. KLHC is a Korea government-owned corporation which is responsible for the development of land in cities, and the maintenance and management of land housing. MoU on Korea-Myanmar Industrial Complex Project was signed in 2015 and the MoA in 2017. The construction period is five years and was started in 2018 with completion targeted for 2023. The project will comprise of small, medium and heavy industries, one stop services, labour-intensive sector, staff housing, park, water treatment plant, a management office and business service zones.
            Ministry of Construction said in 2018 May that the project will provide 50,000 to 100,000 jobs when completed.
Eco Green City Project
            Eco Green City Project is located between three mile one furlong and five mile two furlong mile posts of Yangon-Mandalay Expressway in Hlegu Township, Yangon Region covering an area of 1,453 acres. It is ten miles from the under construction Hanthawady International Airport. DUHD and Alliance Stars Group of Company, a local company, were partnering to implement the project. Construction period of the two phase project is 10 years. Phase One of the project comprises of low-cost housing, government administrative offices and a retail area. Phase Two comprises of an international standard hospital, schools, hotel zone and a public recreational area. Once completed, it will provide accommodation for 30,000 to 40,000 people and create about 15,000 jobs.
Smart District Project
            This project covers 1,100 acres in Dagon Seikkan Township, Yangon Region. It is a joint venture between DUHD and local property developer Shwe Taung Company. The project is bordered by Ayeyawun Road in the east, Bago River in the west, Seikkantha Street in south and Shweli Road in the north. It is 8 miles away or 30 minutes drive from central business district of Yangon. Investment volume is about Ks 250 billion and once completed it will provide 13,000 apartments and create job opportunities in the commercial use areas.
            Through implementing the four mega urban projects DUHD of Ministry of Construction is creating safe and durable housing for the public in accordance with its motto “DUHD always serving for better livings” in addition to creating new employments and sustainable development.
By Htut Htut (Twantay)