Sunday, May 13, 2018

 ပြည်နယ်အတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရေးအတွက် ဣစ္ဆာသယလှိုဏ်ဂူသစ်အား လည်ပတ်သွားလာသူများအဆင်ပြေစေရေး ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှု

ဘားအံ မေ(၁၃)--
ကရင်ပြည်နယ်တွင် သဘာဝထုံးကျောက်ဂူများ၊ သဘာဝကျောက်လှိုဏ်ဂူများ၊ အပန်းဖြေနိုင်ရန်သဘာဝ ရေတံခွန်များ ပေါများပြီး ပြည်တွင်း/ပြည်ပခရီးသွားများ သွားလာမှုများသော ထင်ရှားသည့် ထုံးကျောက်လှိုဏ်ဂူများမှာ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ဆဒ္ဒန်ဂူ၊ ကော့ကသောင်ဂူ၊ ဘုရင့်ညီနောင်ဂူများဖြစ်ပြီး ထမ်မံထင်ရှားလာသည့် အသွားအလာ ရှိလာသော ဘားအံမြို့၊ နောင်ပလိန် ကျေးရွာရှိ ဣစ္ဆာသယလှိုဏ်ဂူအား သွားရောက်လည်ပတ်သူများ အဆင်ပြေ စေရေးအတွက် လမ်းများပြုပြင်ခြင်းနှင့် ရပ်ဝေးပြည်တွင်းခရီးသွားများ၊ ပြည်ပခရီးသွားများ အဆင်ပြေစွာ လည်ပတ် နိုင်ရေး အတွက်ဆောင်ရွက်ရမည့် အခြေအနေအားသိရှိနိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်း ခင်ထွေးမြင့်နှင့်ပြည်နယ် ၀န်ကြီးများ၊သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် မေလ(၁၃)ရက်နေ့၊နံနက်(၈) နာရီခွဲ အချိန်က သွားရောက်ခဲ့ကြကြောင်း သိရသည်။
ဣစ္ဆာသယလှိုဏ်ဂူသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင်နောင်ပလိန်ကျေးရွာ၊ဧက(၉၀)ရှိ ဣစ္ဆာသယ တောင်တွင် တည်ရှိပြီးဘားအံ-လှိုင်းဘွဲ လမ်းပေါ်မှတဆင့်မဲဘောင်ရွာ-နောင်ပလိန်ရွာလမ်းအတိုင်း(၇)မိုင်ခန့်သွားပါက မုဒ်ဦးကို တွေ့ရပြီးမုဒ်ဦးမှဂူဝသို့ မြေသားလမ်း (၅)ဖာလုံခန့်တောလမ်းအတိုင်းသွားနိုင်လေသည်။ လှိုဏ်ဂူ၏ အနေ အထားမှာ ထုံးကျောက် လှိုဏ်ဂူ အမျိုးအစားဖြစ်ပြီး ဂူဝသည်ပြေပြင်နှင့် တစ်ညီထဲတည်ရှိကာဂူအဝင်ဝတွင် လျောင်းတော်မူ ရုပ်ပွားတော်အားဖူးမျှော် နိုင်လေသည်။ နှစ်ဖက်ပေါက်ရေ၀င်ဂူဖြစ်ပြီး ဂူအတွင်းအရှည်ပေ (၁၀၀၀) ကျော်နီးပါးရှိကာ လေ၀င်လေထွက် ကောင်မွန် လေသည်။ ဂူအတွင်းသွားလမ်း(၂)လမ်းသွားရှိသည့် အပြင် (၂)ဆင့်(၂)လွှာဖြစ်နေကာ ကျောက်စက်မိုးမျှော်များ၊ ပြောင်ချော လှပသောဂူအမိုးမျက်နှာကျက်များ၊ ဂူနံရံ များတွင် ကျောက်စက်ပန်းဆွဲများ၊ ကျောက်စက်ပန်းဆွဲများဖြင့် အခန်းငယ်များသဏ္ဍာန်များ၊ မိုးတွင်းကာလတွင် စမ်းချောင်းများ ဂူအလယ်ပိုင်းတွင်ကျယ်ပြန့်သော မြေပြန့်ကြီး တစ်ခုတွေ့နိုင်ပြီး ရှေ့ဆက်သွားပါက ကျဉ်းမြောင်းသော ဂူပေါက်အားပေ(၃၀)ခန့် ငုံ့ဝင်ကျော်လွန်ပါက ဂူအဆုံးနေရာ အခန်းတစ်ခုကဲ့သို့ တွေ့မြင်ရပေသည်။ ထိုနေရာမှ ဂူအဆုံးတွင် အမြင့်ပေ(၁၀)ပေခန့်တွင် အလင်းပေါက်ကိုတွေ့ရပြီး ကျဉ်းမြောင်းသည့် ဂူထွက်ပေါက်အပြင်သို့ ဝါးလှေကားငယ်ဖြင့်တက်၍ ထွက်နိုင်နိုင်လေသည်။
ကရင်ပြည်နယ်အနေဖြင့် ဘားအံမြို့ကို ဗဟိုပြု၍ သွားလာနိုင်သော သဘာဝလိုဏ်ဂူများ၊ ရိုးရာဒေသ ဓလေ့များ ရှိခြင်း၊ သဘာဝ အလှအပများနှင့် ရေပူစမ်းများ၊ ရေကန်များ၊ ရေအိုင်များ၊ ရေတံခွန် များရှိခြင်းကြောင့် ခရီးသွားများ အပန်းဖြေခြင်း၊ ရေကူးခြင်း၊ ရေပူ ချိုးခြင်း စသည်ဖြင့် ခံစားနိုင်ခြင်းကြောင့်ခရီးသွားလုပ်ငန်းဖွံ့လျှက်ရှိရာ ဘားအံမြို့သည် အာဆီယံ ရေရှည် တည်တံ့ခိုင်မြဲ သောခရီးသွားလုပ်ငန်း ( မြို့ပြ ခရီးစဉ်ဒေသ)ဆု( ASEAN Sustainable Tourism Award 2018)ကို ချီးမြှင့်ခြင်းခံရသည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဣစ္ဆာသယလှိုဏ်ဂူသည် ဘားအံမြို့၏ ခရီးသွားများ စိတ်ဝင်စားစေသည့် အထင်ကရသဘာဝဂူတစ်ခု ထပ်တိုးလာပြီးခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် အဆင်ပြေ စေရေးတွင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့်ပြည်နယ်ဝန်ကြီးများသည် သဘာဝအလှတရားများ ပျောက်ကွယ် စေမည့် ပြုပြင်မွန်းမံမှုများမရှိစေရေး၊သွားလာရေး ပိုမိုအဆင်ပြေစေရန်မုဒ်ဦးဝမှ(၅)ဖာလုံရှိမြေသားလမ်းနှင့် ခရီးသွားများ အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များအား သွားရောက်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)

Kayin State chief minister inspects Esathara Cave

Kayin State is popular for its natural limestone caves and waterfalls. Some of the famous limestone caves are Kawgun Cave, Yathaypyan Cave, Sadan Cave, and the Bayin Nyi Naung Caves. Another cave that is drawing tourists is the Esathara Cave near Naungpalain Village. To improve access to the cave for tourists and build better roads, Kayin State Chief Minister Daw Nan Khin Htwe Myint and state ministers visited the area yesterday morning.
The Esathara Cave is located on some 90 acres of the Esathara mountain near Nanpalain Village. It is accessible by travelling on Hpa-an-Hlaingbwe road and turning into the Mebaung Village-Naungpalain Village road. Some seven miles into the road, there is a checkpoint that diverts into a dirt path and into the cave entrance. A reclining Buddha image can be seen near the entrance, with the cave being some 1,000 feet deep. The cave is filled with numerous natural beauties, and at the end of the passage is a small opening 10 feet above the cave floor that can be accessed with a bamboo ladder.
Hpa-an is a central tourism attraction in Kayin State that houses natural caverns, scenes of the state's traditions and culture, waterfalls, hot springs and other tourist destinations, for which Hpa-an received the ASEAN Sustainable Tourism Award 2018.
The chief minister and other state ministers will survey the area to ensure no modifications or changes are carried out that will damage the natural environment of the area. –Nay Myo Lwin (District IPRD)