Tuesday, November 7, 2023





Experts seek inclusion of Kyaukse Elephant Dance Festival on World Heritage List

Thadingyut Kyaukse Elephant Dance Festival with elephant toy donation event was celebrated in full swing this year in Kyaukse, Mandalay Region.

The Thadingyut Kyaukse Elephant Dance Festival was held on 28 October and the elephant toy donation event was conducted on 29 October.

This year, more than 100 elephants participated in the Kyaukse Elephant Dance Festival, and there were a total of 19 elephants, including two traditional elephants.

Kyaukse Eelphant Dance Festival and elephant toy donation tradition event is the only one in the world, so we want to submit it to the world heritage list, said U Zaw Gyi, the referee of Kyaukse Eelphant Dance Festival, who is also an expert on the elephant dance.

Compared to last year, the number of elephants participating in this year's Kyaukse Elephant Dance Festival has increased, so the new generation of elephant dance winners has increased.

Myin Sai Zarni Elephant Dance Team who won the competition threw the entire elephant statue down Shwethalyaung Mountain in Kyaukse and donated the elephant statue, while the rest of the team members also donated small elephant statues.

The Kyaukse elephant dance festival began during the reign of King Anawrahta when the Buddha's tusk was sent on a white elephant to erect a pagoda.

King Anawrahta's dedication to the white elephant (Sinma Yintha) which carried the tusks of the Buddha, has become a ritual of donating 10 female elephant toys along with the donation of food and the emerald bow and lamp-lighting ceremony.

This tradition was held every year in Kyaukse, and later, in addition to donating elephant toys, elephant dance competitions were also held. — Ko Ko/KZL 

 

ကျောက်ဆည်ဆင်ပွဲတော်နှင့်ဆင်ရုပ်လှူသည့်ဓလေ့ကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် ဆင်အကပညာရှင်များပါဝင်ဆောင်ရွက်လို
+++++++++++++++++++++++++++++++++
1November2023

မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်မြို့တွင် သီတင်းကျွတ်ကျောက်ဆည်ဆင်ပွဲတော်နှင့် ဆင်ရုပ် လှူဒါန်းသည့်ဓလေ့ကိုယခုနှစ်တွင်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ကြောင်းသိရသည်။

သီတင်းကျွတ်လဆန်း(၁၄)ရက်(အောက်တိုဘာလ (၂၈)ရက်တွင် ကျောက်ဆည် ဆင်ပွဲတော်နှင့် ဆင်အကပြိုင်ပွဲပြုလုပ်ခဲ့ပြီး သီတင်းကျွတ်လဆန်း၁၅ ရက်သီတင်းကျွတ် လပြည့်နေ့ (အောက်တိုဘာလ(၂၉)ရက်)၌ဆင်အရုပ်လှူဒါန်းလှူခဲ့သည်ဟုဆိုသည်။

ယခုနှစ်တွင် ကျောက်ဆည်ဆင်ပွဲတော်ကိုတက်ရောက်ပါဝင်ခဲ့သည့် ဆင်ကောင်ရေ(၁၀၀)ကျော်ရှိပြီး ရိုးရာသဘာဝဆင်နှစ်ကောင်အပါအဝင်ပြိုင်ပွဲဝင်ဆင်ကောင်ရေစုစုပေါင်း(၁၉)စီးရှိခဲ့သည်။

ကျောက်ဆည်ဆင်ပွဲ‌တော်နှင့် ဆင်လှူဒါန်းသည့်ဓလေ့သည် ကမ္ဘာတွင်တစ်ခုတည်းသာရှိသည့်အတွက် ကမ္ဘာ့အမွေအနှစ်စာရင်းကိုလည်း တင်သွင်းလိုသည်ဟု ကျောက်ဆည်ဆင်ပွဲတော်ဒိုင်၊ဆင်အကပညာရှင် ဦးဇော်ကြီးကအခုလိုပြောပြထားသည်။

“ကျောက်ဆည်ဆင်ပွဲ‌တော်နဲ့ ဆင်လှူဒါန်းတဲ့ဓလေ့ဟာ
  ကျွန်‌တော်တို့ ကျောက်ဆည်မြို့ တစ်မြို့ထဲမှာပဲ ရှိတာ။ ကမ္ဘာ‌ပေါ်မှာ တစ်ခုတည်းသာရှိအတွက် ကမ္ဘာ့အမွေအနှစ်စာရင်းကိုလည်း ကျွန်တော်တို့ တင်သွင်း ချင်ပါတယ်။အရင်တုန်းကတော့ကျောက်ဆည်ဆင်ပွဲတော်ကိုဒေသအဆင့်၊နိုင်ငံအဆင့်ဒြပ်မဲ့ ယဥ်‌ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းနိုင်ဖို့  ပညာရှင်တွေက ကြိုးပမ်းခဲ့ဖူးပါတယ်။ ကျောက်ဆည်ဆင် အက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ဆိုရင်ဆင်အကပညာရှင်တွေအနေနဲ့ ပူးပေါင်းပါဝင်ချင်ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့အထိ ပါဝင်ဆောင်ရွက်ချင်ပါတယ်"ဟု ‌ကျောက်ဆည်ဆင်ပွဲတော်ဒိုင်၊ဆင်အကပညာရှင် ဦးဇော်ကြီးကပြောသည်။

ယခုနှစ် ကျောက်ဆည်ဆင်ပွဲတော်တွင်
  ယခင်နှစ်ကထက် ပြိုင်ပွဲဝင်ဆင်ကောင်ရေများပြီး မျိုးဆက်သစ် ဆင်အကကနိုင်သူများတိုးခဲ့ကာ ပထမဆုရ သည့်မြင်စိုင်းဇာနည်ဆင်အကအဖွဲ့မှ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာအရ ပြိုင်ပွဲဝင်ဆင်ရုပ်ကြီးတစ်ခုလုံးကို‌ ရွှေသာလျောင်းတောင်အောက်ကိုပစ်ချပြီး ဆင်ရုပ် လှူဒါန်းခဲ့သလို ကျန်အသင်းဝင်များကလည်းဆင်ရုပ်အ‌သေးများကိုလှူဒါန်းခဲ့သည်ဟုဆိုသည်။
ကျောက်ဆည်ဆင်ပွဲတော်သည်အနော်ရထာမင်းလက်ထက်တော်တွင်စတင်ခဲ့ခြင်းဖြစ်ပြီး
  မြတ်စွာဘုရား၏စွယ်တော်ပွားကိုစေတီဝောာ်တည်ရန် ဆင်ဖြူတော်ပေါ်တင်ပြီးစေလွှတ်ခဲ့ပြီး အနော်ရထာမင်းကြီး၏ မြတ်စွာဘုရား၏စွယ်တော်တင်သည့်ဆင်ဖြူတော် (ဆင်မယဉ်သာ) အတွက် သတိတရ ရည်စူးပြီး လှူဒါန်းအမျှပေးဝေရန် အဓိဋ္ဌာန်ထားခဲ့သည့်အတိုင်း ဆွမ်းတော်ကြီးကပ်ပွဲ၊ မြသပိတ်တော်၊ မီးထွန်းပွဲနှင့်အတူ ဆင်မရုပ်တို့ဖြင့် ဆင်(၁ဝ)မျိုး လှူဒါန်းရသည့် ထုံးတမ်းစဉ်လာဖြစ်လာခဲ့ကြောင်းနှင့် ယင်းထုံးတမ်းအစဉ်အလာကိုကျောက်ဆည်မြို့၌ နှစ်စဉ် ကျင်းပခဲ့ ခြင်းဖြစ်ပြီး နောက်ပိုင်းမှာ ဆင်ရုပ် လှူဒါန်းခြင်းအပြင် ဆင်အကပြိုင်ပွဲ များလည်းထည့်သွင်း ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။TC

 


 

Monday, October 16, 2023

Traditional elephant dance festival in Kyaukse

Tourists, locals enjoy traditional elephant dance festival 
in Kyaukse
 
The Kyaukse Elephant Dance festival is an impressive show that is steeped in history. King Anawrahta (1015-1078) is one of Myanmar’s most famous rulers and considered the father of the Burmese nation. He is also the founder of Kyaukse.
This year's opening ceremony of the Elephant Donation festival and elephant dummy dancing competition 2016 took place at the elephant competition grounds at the bottom of Shwe Thar Lyaung hill in Kyaukse, Mandalay Region on 15 October.
U Soe Than, the Minister for Agriculture, Livestock Breeding and Irrigation and a member of Mandalay Region Government and Mandalay Region Hluttaw representatives attended the opening ceremonies.
A total of 29 teams -- 17 traditional elephant teams, 6 sequined costume elephant teams and 6 children’s elephant teams- - participated in the event.
The Kyaukse elephant dance festival has been celebrated every year since the 11th Century, the era of Myanmar King Anawrahta.
Legend has it that King Anawrahta obtained several Buddhist relics on a trip to China. Upon his return to Myanmar (Burma), he decided to build a pagoda to house the precious relics. He strapped the relics to the back of his elephant and told the elephant to choose a suitable spot for the new pagoda. The elephant walked straight to the hill east of Kyaukse and knelt.
It was at this spot that the king built Shwe-tha-lyaung Pagoda, which remains there to this day.
In this year's celebration, the competition teams from various wards of Kyaukse, accompanied by drums, oboe, cymbals, brass gongs and bamboo clappers, toured around the Kyaukse Myo Ma bazaar three times. The teams competed in front of a panel of judges in different prize categories — Ks1 million for first prize, Ks8 lakh for second prize and Ks6 lakh for third prize in the traditional elephant dance competition; Ks8 lakh for first prize, KS6 lakh for second prize and Ks4 lakh for third prize in sequined elephant dance competition and Ks6 lakh for first prize, KS4 lakh for second prize and Ks2 lakh for third prize in children’s elephant dance competition. KBZ bank presented the cash prizes to the winners.
The roads and streets during this year's festival were crowded with pilgrims as well as tourists, some of whom travelled great distances in order to observe this unique cultural celebration.
–Thiha Ko Ko (Mandalay)


 

Friday, June 3, 2022

Myanmar Culture

 

Preserving Myanmar culture, values of national costume appreciated

 


Myanmar has its own cultural identity. Myanmar's people have preserved their cultural well-being with the rapidly changing world and cultural diffusion.

Most Myanmar festivals held over twelve months are highly correlated with culture. The majority of Myanmar's population are believed in Buddhism, which is predominantly Theravada tradition. According to Buddhist teaching, human beings must acknowledge right and wrong. Buddhism teaches ethical conduct and heavily reflects the living styles and culture of Myanmar people. 

Myanmar's traditional outfits and dressing styles are beautiful, auspicious, admirable, simple and elegant. They can give peace of mind to the eyes of the beholder. Myanmar's major ethnic groups (Kachin, Kayah, Kayin, Chin, Mon, Bamar, Rakhine and Shan) have their own cultural identities. Their traditional costumes will give you an awe-inspiring impression of their cultural values. 

Of them, Burmese girls proudly wear traditional attire (Yinphone and Htamain) during the festivals, donations, philanthropic and religious events. 

Buddhism beliefs are heavily related to Burmese girls' dressing styles and culture. Burmese girls wearing Yinphone blouses and Htamain (sarong) to preserve the tradition and cultural heritage are young women's perceptions and traditional ideals in the country. Foreigners can recognize a Burmese girl by looking at her attire. 

The majority of Burmese girls look shy and dignified. They are good-natured, quiet and peaceful. 

Artists are suggested to portray the beauty of Burmese women and their dressing styles without losing their cultural grip from the rural area to urban cities. Traditional attire looks more satisfying with simple and elegant features. The outfits are not too sophisticated and revealing, yet the chic outfit ideas are seen. It's written to promote own identity and preserve the cultural heritage and value of Burmese women's traditional costumes. – Zeya Htet/GNLM

          














      

 

 

 

 

 

 

မြန်မာ့ယဉ်ကျေးမှုနှင့် အမျိုးသမီးတို့၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ

 

      မြန်မာတို့သည် ယဉ်ကျေးမှုအစဉ်အလာ ကြီးမားသော လူမျိုးများဖြစ်ကြသည်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသည့် အားလျှော်စွာ မြန်မာ့ရိုးရာယဉ်ကျေးမှုများ ဓလေ့စရိုက်များကို သိရှိပြီး တိုင်းတစ်ပါး ယဉ်ကျေးမှုများကို အထင်မကြီးဘဲ မိမိလူမျိုး မိမိတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုများကို ဆက်လက် ထိန်းသိမ်း  စောင့်ရှောက်လာကြသော သူများဖြစ်ပေသည်။

      မြန်မာ့ဆယ့်နှစ်လ ရာသီပွဲတော်များတွင် ယဉ်ကျေးမှုနှင့် စပ်ဆိုင်သည့် ပွဲတော်များ အများအပြား ပါဝင်လေသည်။ မြန်မာတို့ ကိုးကွယ်ဆည်းကပ်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာတော်သည် လောကီ လောကုတ္တရာ အကြောင်းအကျိုး အကောင်းအဆိုးကို သိမြင်တတ်ရုံသာ မဟုတ်ဘဲ မြန်မာ့ ယဉ်ကျေးမှုကို အစဉ်စောင့်ထိန်းတတ်စေရန် သင်ပြပေးထားသော ဘာသာဖြစ်သည်။

      မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုသည်  ယဉ်သည်၊ လှသည်၊ ရိုးရှင်းသည်၊ ကျက်သရေရှိသည်၊ က္ကန္ဒြေရှိ၍ မြတ်နိုးဖွယ်ရာကောင်းပြီး မြင်သူတကာတို့၏ စိတ်ဘဝင်ကို အေးချမ်းစေသောကြောင့် ကမ္ဘာကပင် လေးစားအားကျ ဂုဏ်ယူလောက်သည့် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ ဖြစ်ပေသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများတွင်လည်း သူတို့ဓလေ့ ယဉ်ကျေးမှုများနှင့် ကိုယ်ပိုင် ဝတ်စားဆင်ယင်မှု ရှိကြသည်။

        ထိုအထဲတွင် မြန်မာအမျိုးသမီးများလည်း ပါဝင်လေသည်။ မြန်မာအမျိုးသမီး ငယ်လေးများသည် ရှေးခေတ်အခါက အမျိုးသမီးများနည်းတူ ရင်ဖုံးအင်္ကျီ၊ ထဘီများကိုဝတ်ဆင်ကာ ရှေးထုံးအစဉ်အလာ မပျက်စေဘဲ ရိုးရိုးယဉ်ယဉ်ကလေးများဖြင့် လူကြီးမိဘများရဲ့ စိတ်သဘောထားများနည်းတူ ဝတ်စားဆင်ယင် နေထိုင်ကြပြီး ဘုရားသွားကျောင်းတက် အလှူမင်္ဂလာ ပွဲလမ်းသဘင်များတွင်လည်း မြန်မာဝတ်စုံ လေးများဖြင့် ကျက်သရေရှိရှိ ဝတ်ဆင်လာကြသူများ ဖြစ်ကြပါသည်။

        မြန်မာအမျိုးသမီးများသည် နောင်လာမဲ့အနာဂတ်ရဲ့ ကြယ်ပွင့်လေးများ ဖြစ်သည်နှင့်အညီ  ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံဖြစ်တာမို့ တရားတော်နဲ့လျော်ညီတဲ့ ဆင်ယင်ထုံးဖွဲ့မှုများနဲ့သာ ဝတ်ဆင်ကြ၍ မြန်မာကို မြန်မာမှန်း အဝတ်မြင်တာနဲ့တင် တိုင်းတစ်ပါးသားတို့ သိရှိကြပါသည်။ မြန်မာအမျိုးသမီး လေးများမှာ ရင်ဖုံးအင်္ကျီနှင့် ထဘီ (သို့) လုံချည်များ ဝတ်ဆင်ခြင်းဖြင့်  ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ကြသည်မှာ စံနမူနာ ဖြစ်ခဲ့သည်။ မြန်မာအမျိုးသမီးများသည် ပင်ကို သဘာဝအရ အေးဆေးတည်ငြိမ်ပြီး စိတ်ထား နူးညံ့သိမ်မွေ့သူများ ဖြစ်သည်နှင့်အညီ က္ကန္ဒြေလည်း ကြီးသူဖြစ်သည်။

     ထိုကြောင့် မြို့ကြီးပြကြီးများမှအစ ကျေးလက်ဒေသ တောရွာများအဆုံး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို အတိမ်းအစောင်းမခံဘဲ အလှပန်းချီဟု တင်စားခေါ်ဆိုထိုက်သော မြန်မာ အမျိုးသမီးများ၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုအလှအပများကို အလှပန်းချီဆရာများက မြန်မာ့ယဉ်ကျေးမှု ဆေးစုတ်တံဖြင့် စုတ်ချက်ကောင်းကောင်း ခြယ်သ၍ ပြစေလိုပါသည်။ မြန်မာအမျိုး သမီးများရဲ့ ရိုးရာဝတ်စား ဆင်ယင်မှုများမှာ ထာဝရပိုင်ဆိုင်ထားသင့်သကဲ့သို့ အဝတ်များ ဆင်မြန်းသည့် နေရာတွင်လည်း အရှက်တရားနှင့် အကြောက်တရားများကို ထိန်းသိမ်းကာ မရိုးလွန်း၊ မဆန်းလွန်း၊ ခေတ်နောက်လည်း မကျလွန်း၊ ခေတ်ရှေ့လည်းမကျော်လွန်ဘဲ မြင်ရသူတိုင်းရဲ့ စိတ်ထဲနှလုံးသားထဲမှာ မျက်စိအကျဆုံး၊ အကြည်နူးဆုံး၊ ကျက်သရေ မင်္ဂလာအရှိဆုံးဖြစ်တဲ့ မြန်မာ့ရိုးရာဝတ်စုံများကို ဝတ်ဆင်ကာ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သော မြန်မာ့ယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယင် ပုံများကို ဆက်လက် ထိန်းသိမ်းထားကြသော ဂုဏ်ယူဖွယ်ရာ မြန်မာအမျိုး သမီးလေးများ ဖြစ်စေချင်ပါတော့သည်။                                                                                      ဇေယျာထက် (မင်းဘူး)