Wednesday, October 14, 2015

ပုသိမ် တက္ကသိုလ်ဘွဲ့နှင်းသဘင်


နောက်ဆုံး မှတ်တမ်း
= = = = = = = = = = = = = = = = = = = = = = =
အဲဒီတုန်းက
တီချယ်နဲ့ရိုက်တဲ့ဓါတ်ပုံနောက်ဆုံးဆိုတာမသိခဲ့ရဘူး
၁-၅-၂ဝ၁၅ ဆရာကန်တော့ပွဲပြီးလို့ တီချယ်ဒေါ်သင်းသင်းစိန်
နဲ့ ဒေါ်သင်းသင်းမူရှိတဲ့ပုသိမ်ကိုကန်တော့ခံပစ္စည်းတွေပေးရင်း
ကန်တော့ဖို့ ၈-၅-၂ဝ၁၅ နေ့မှာ ကျနော်တို့ First Batch က
ယောင်္ကျားလေးတွေချည်း ၅ ယောက် ထွက်ခဲ့တာပါ၊ ပုသိမ်
ရောက်တော့ တီချယ့်ဌာနကိုသွား တီချယ်ကိုကန်တော့ ၊စကား
စမြည်ပြောပြီး တီချယ်က ဆရာဦးသန်းကြွယ်ဆိုင်မှာ ထမင်း
လိုက်ကျွေးပါတယ် (ဆရာဦးသန်းကြွယ်က ကျနော်တို့ Final
တုန်းက Part time tutor ပါ) ထမင်းဆိုင်မထွက်ခင် တီချယ်က
သူ့စားပွဲပေါ်မှာရှိတဲ့ အထုတ်ကြီး အထုတ်သေး အားလုံးအကုန်
သိမ်းကြုံးပြီး ကျွတ်ကျွတ်အိပ်ကြီးတစ်လုံးနဲ့ထည့်ပြီးသားတို့လမ်း
မှာစားဖို့ဆိုပြီးပေးလိုက်ပါသေးတယ်၊ ထမင်းစားပြီး ချောင်းသာ
ကို ဆက်သွားပါတယ် ၊ ချောင်းသာရောက် ဗိုက်ဆာ၊ကိုဇော်ကြီး
က အမြည်းရှာ တီချယ်ပေးလိုက်အထုတ်ကြီးဖြည်လိုက်တော့
ပဲလုံးကြော် ၊ ပဲပြားကြော် ၊ မြေပဲ ၊ လက်ဖက် ၊ ဂျင်းသုပ်၊ တိုဟူး
ခြောက်ကြော် ၊ ပုဇွန်ခြောက် ၊ ပုန်းရည်ကြီး ၊ဘီစကစ် ၊ ကိတ်
ခြောက် စတဲ့ စားစရာ အထုတ်တွေအများကြီးတွေ့ရပါတယ် ၊
အဲဒီကြားထဲမှာမှာ ပြားပြားချပ်ချပ် ကျွတ်ကျွတ်အိတ်နဲ့ထုတ်ထား
တဲ့အထုတ်ဖြည်ကြည့်တော့ ၊တီချယ့်ကားအုံနာဘုတ်နဲ့ ဝှီးတက်
ဖြစ်နေပါတယ်၊ အင်း တီချယ် ငါတို့ကို ကားပါပေးလိုက်တာတော့
မဖြစ်နိုင်ပါဘူး ၊ မှားပါလာတာဘဲဖြစ်မှာပါဆိုပြီး တီချယ့်ဖုန်းဆက်
တော့မှ ဟေ- မသိဘူး စားပွဲပေါ်တင်ထားတော့ စားစရာမှတ်ပြီး
ထည့်ပေးလိုက်တာ ၊ဟုတ် တီချယ် အပြန်ကျမှ ဝင်ပေးတော့မယ်၊
ဖုန်းဆက်ရင်း တီချယ် ဆူတာကိုအသက်ကြီးမှ ခံရပြန်ပါတယ် ၊
ဆရာဦးသန်းကြွယ်ဆိုင်မှာ ကျနော်တို့ ထမင်းဖိုးပေးလိုက်တာ
တီချယ်မသိပါဘူး၊ ပေးခဲ့ရမလားဆိုပြီး ကျနော်တို့ကိုဆူတာပါ ၊
ပုသိမ် ရောက်တိုင်းလည်းတီချယ်က ကျွေးမွေးနေကျပါ၊ဘားအံ
ရောက်လို့ တီချယ့်ဆီ ဝင်လည်း ဒီအတိုင်းပါဘဲ ၊ ဒါကဆရာ/မ
တွေက တပည့် သား၊ သမီးတွေပေါ်မှာထားတဲ့ အနှိုင်းအဆမဲ့
စေတနာ မေတ္တာအရင်းခံတွေပါ ဒီထက်မကတာတွေလည်းရှိပါ
တယ်၊ချောင်းသာကပြန်မှတီချယ့်ဆီ ကားစာအုပ်ဝင်းပေးပါတယ်၊
တီချယ် အစည်းအဝေးခန်းထဲကထွက်လာတာ တီချယ်မလိုက်
တော့ဘူး သားတို့ ဆာလှရော့မယ် ဆရာ့ဆိုင်မှာ ထမင်းဝင်စား၊
စားပြီးတာနဲ့ တန်းပြန်၊ ဟုတ်ကဲ့တီချယ် ၊ ဆရာ့ ဆိုင်မှာထမင်း
ဝင်စားပါတယ် ၊ ကိုမောင်ဦးတို့လာကြ တီချယ်ကြီးဖုန်းဆက်
ထားတယ် ၊ ပိုက်ဆံမပေးနဲ့နော်ဟိုနေ့ကတီချယ်ပိုက်ဆံလာရှင်း
တော့ ခင်ဗျားတို့ပေးပြီးပြီပြောလို့ ယူရမလားဆိုပြီး ကျနော့်ကို
တော်တော်လေး ဆူပူကြိမ်းမောင်းတယ်ဗျာ ၊ ဟုတ်ကဲ့ဆရာ ၊
ကျနော်တို့ လည်း ဆရာ့လိုပါဘဲ အဆူခံရတယ် ။ လွန်ခဲ့တဲ့ ၂
လ လောက်ကတော့ တီချယ် ကျနော့်ဖုန်းဆက်ပါသေးတယ်
ပုသိမ်တက္ကသိုလ်က ဆရာ/မ တွေနဲ့ ကျောင်းသူ/သားတွေ
ဂျပန် တက္ကသိုလ် ကိုခရီးထွက်ကြရင် MRTV 4 မှာ သတင်း
မှတ်တမ်းထည့်ပေးဖို့ပြောပါတယ် ၊ ဟုတ်တီချယ် MRTV 4
ရော ၊ MWD ရော ၊ MNTV ရော ၊ DVB ရော ထည့်ပေးမယ်၊
တီချယ်တို့ သွားမဲ့နေ့ကိုသာပြောလို့ မှာခဲ့ပေမယ့် ၊ တီချယ်
တကယ်သွားခဲ့တာက - - - - - - - - အခြားတစ်နေရာပါ ။
( တီချယ် ကောင်းရာမွန်ရာ သုဂတိဘုံသို့ရောက်နိုင်ပါစေ)
Credit to Maung Maung Oo


Beijing China 2011.

Monday, October 5, 2015